သတိရနေတယ်

Si Thu Aung ဆရာခင်ဗျား တခုလောက်မေးခွင့်ပြုပါ အမှတ်တရလား အမှတ်တယလား ဆရာ

စောစောကမေးခွန်းတခုမှာ (ပါတရ်) လို့ရေးတာ ပြောရသေးတယ်။ အဲလိုပြောရတာ အခါခါ။

အမှတ်တရသာ မှန်တယ်။ ယုယကြင်နာ၊ ယုဂန္ဓိုရ်တောင်။ ယုဇနပန်း။ ယုဝတီဂျာနယ်။ တယုတယ။ တယော။ တရကြမ်း။ တရစပ်။

ယတိပြတ်ပြောမယ်။ ယတြာချေတာ အပိုအလုပ်။ ယထာဘူတကျကျ စဉ်းစားပါ။ ယနမကင်း (သင်္ကာမကင်း)။ ယမကာအဖျော်ဆိုင်။ ယမနေပင် မြင်ဖူးသလား။ ယမိုက်ပြာဋိဟာ ပြတော်မူသည်။ ယမင်းရုပ်။ ယမန်နေ့က။ ယမုန်နာမြစ်။

ဒေလီမှာဖွင့်ခဲ့တဲ့ ယမုန်နာဆေးခန်း သတိရပြီး လွမ်းမိတယ်။

ယမုန္နာသီတာသောင်ခြေဘွဲ့ ပတ်ပျိုး (ရီရီသန့်) https://www.youtube.com/watch?v=cQWM0_yB5vg

ဒေါက်တာတင့်ဆွေ
၂၄-၁၁-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး