ထဲ နှင့် တည်း


Azam Bhai ဆရာ မေးပါရစေ တခါတည်း / တယောက်ထဲ သတ်ပုံမှန်လေးပြောပြပါဦး

ထဲ
ထူထူထဲထဲဝတ်ပါ၊
ထဲဝင်ပြင်ထွက်၊
ဝမ်းထဲမျိုသိပ်ထားရတယ်၊
အိမ်ထဲကြွပါ၊
မြေထဲမြို့၊
ထဲနှီးအတွင်းခံအဝတ်။

ထည်း
အညစ်အထည်း၊
ပိတ်ဖြူရထည်း၊
ညစ်ကျုအထည်း။

တည်း
ကျပ်တည်း၊
ချုပ်တည်းပါ။
စထွက်ကတည်းက၊
စာတည်း။
တခုတည်းသော၊
တချက်တည်း၊
တည်းခိုခန်း၊
တည်းဖြတ်၊
တည်းလည်းတန်းလမ်း၊
တည်းအပ်
တသမတ်တည်း၊
တသားတည်းမဟုတ်သော၊
တသားတည်းမဟုတ်သော။
တယောက်တည်း၊
ကြိုးနှင့်တည်း (ချည်နှောင်)၊
မှန်သည်တည်း၊
ဖြစ်တော့သတည်း၊

တသွေးတသားတည်းဟူသော (လွတ်လပ်ရေးကြေညာစာတမ်း)
သူတည်းတယောက် ကောင်းဘို့ရောက်မူ၊ တယောက်သူမှာ ပျက်လင့်ကာသာ ဓမ္မတာတည်း။ (အနန္တသူရိယအမတ်ရေး အမျက်ဖြေလင်္ကာ)

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး