မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာကြပါစေ

Photo taken on 19-11-2011 by an Indian photo-journalist at Yamuna Clinic
This Blog is created on 10th October 2014

How to ask ကျန်းမာရေးနဲ့ ဆေးပညာ မေးလိုတာရှိပါက

• ဖေ့စ်ဘွတ် ကွန်မင့်ကနေ မမေးပါနဲ့။
• ဖြစ်တဲ့သူရဲ့ ကျား-မ နဲ့ အသက်ကို အရင်ဆုံးရေးပါ။ နာမည် မလိုအပ်ပါ။
• ဖြစ်နေတာ ၁-၂-၃။ ဖြစ်တာဘယ်လောက်ကြာပြီ။ လိုအပ်ရင် ရာသီ၊ အိမ်ထောင်ရေး၊ ကျန်းမာရေးနောက်ခံ၊ နေတဲ့တိုင်းပြည်။ တိုတိုရှင်းရှင်းသာရေးပါ။
• ဆေးစစ်ချက်တွေနဲ့ ပုံတွေကို အတည့်ပို့ပါ။ လိုတာကိုသာပို့ပါ။ အာလ်ထွာဆောင်းမှာ ပုံမလိုပါ။ မှတ်ချက်သာလိုတယ်။
• SMS အရေးအသားမျိုးကို မဖတ်တတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဖုန်းဆက်ပြီးမေးရင် အချိန်ဇုန်မတူတာရော၊ အသံထွက်လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
• မေးတဲ့သူက မိမိကိုယ်မိမိ သား-သမီးလို့မရေးပါနဲ့။ ဖြေမယ့်ဆရာဝန်ကို ဆရာလို့သာသုံးပါ။
• ဆေးရုံ-ဆေးခန်း-ဆရာဝန်-ဆေးဆိုင်-ဆေးဈေး-ကုန်ကျစရိတ် စတာတွေကို မသိပါ။
• မေးစရာနေရာ (၁) အီးမေးလ် doctortintswe@gmail.com (၂) ဖေ့စ်ဘွတ် https://www.facebook.com/tint.swe.dr (၃) ဖေ့စ်ဘွတ် https://www.facebook.com/drtintswe/
• မေးနည်းစည်းကမ်းအရ မမေးလိုသူများ http://doctortintswe.blogspot.com/ Dr. Tint Swe's Writings မှာ ရှာဖတ်နိုင်ကြပါတယ်။

Saturday, November 19, 2016

သီး သည်း နှင့် သဲ

သီး သည်း နှင့် သဲ

အရင်ရေးထားပြီးသား။ စောစောက တရာအဆုံးအမတခုမှာ သည်းခံနဲ့ ကရုဏာကို မှားရေးထားတာတွေ့လို့။

သီး
သီးခြား။
သီးသန့်။
နှုတ်သီး။
ကျယ်သီး။
ကြက်သီးထ။
အသီးအနှံ။
နင့်နင့်သီးသီး။
လက်သီးလက်မောင်းတန်း။
နားသန်သီး။
တံတွေးသီးသည်။
နှာသီးဖျား။
သီးပင်။
နို့သီးခေါင်း။

သည်း
ရင်နှစ်သည်းချာ။
သည်းအူ (သားသမီး)။
သည်းထန်စွာ။
သည်းခံ။
သည်းညည်းခံ။
သိပ်သိပ်သည်းသည်း။
သိပ်သည်းဆ။
စေ့မြေ့သိပ်သည်း ရွေ့ရွေ့ဆည်းလော့။
ကသည်းလူမျိုး။
သည်းခြေကြိုက်။
အသည်းနှလုံး။
လက်သည်း ခြေသည်း။
မိုးသည်းထန်သည်။
ဖိနပ်သည်းကြိုး။
အသည်းရောင်ရောဂါ။

သဲ
သဲသောင်။
သဲသဲခြိမ့်ညံ။
သဲသဲအုတ်အုတ်။
သဲသဲကွဲကွဲ။
ကျီးသဲဆရာတော်။
ခြိမ့်ခြိမ့်သဲသဲ။
သဲကုန်းမြို့။
သဲလွန်စ။
သဲဖြူခင်း ရာဇမှတ်ကာ။

လောကသာရပျို့ (ကန်တော်မင်းကျောင်းဆရာတော်)

စေ့မြေ့သိပ်သည်း၊ ရွေ့ရွေ့ဆည်းသော်၊ စရည်အိုးခွက်၊ ကြီးစွာလျက်တည့်၊ တံစက်ကျများ၊ ပြည့်သောလားသို့၊ ပျား၏နည်းနှုန်း၊ မှတ်ကျင့်သုံး၍၊ ခြပုန်းတောင်ပို့၊ ဖို့သည်ခြင်းရာ၊ လူလိမ္မာတို့၊ ဥစ္စာဆီးထွေ၊ တတ်လှစေလော့၊ ကြွက်သေတခု၊ အရင်းပြု၍၊ ကြွယ်မှုတတ်ဆုံး။ သေဋ္ဌေးထုံးကို၊ နှလုံးမူလျက်၊ ကြံစည်နက်၍။   ။ သူ့ထက်လွန်ကုန် ကြိုးစေမင်း။

မူကွဲ
စေ့မြေ့သိပ်သည်း၊ ရွေ့ရွေ့ဆည်းလော့၊ စရည်အိုးခွက်၊ ကြီးစွာလျက်လျှင်၊ စဉ်ဆက်ကျများ၊ ပြည့်သောလားသို့၊ ပျား၏နည်းထုံး၊ မှတ်ကျင့်သုံး၍၊ ခြပုန်းတောင်ပို့၊ ဖို့သည့်ခြင်းရာ၊ လူလိမ်မာတို့၊ ဥစ္စာဆီးထွေ၊ တတ်လှစေလော့၊ ကြွက်သေတခု၊ အရင်းပြု၍၊ ကြွယ်မှုတတ်ဆုံး၊ သေဋ္ဌေးထုံးကို၊ နှလုံးမူလျက်၊ ကြံစည်နက်ကို။   ။ သူ့ထက်လွန်ကဲ ကြိုးစေမင်း။

မှတ်ချက်
ကြွက်သေတစ်ခု မဟုတ်ပါ။
စကားပြောကောင်းသော မသည်းအူလို့ ရေးစပ်တာ မိန်းကလေးတယောက် နာမည်အနေနဲ့ ရေးတာဖြစ်ပါမယ်။ အမှန်က သားသမီးလို့ အဓိပ္ပါယ်ရပါတယ်။

ဒေါက်တာတင့်ဆွေ



No comments:

Post a Comment

Note: Only a member of this blog may post a comment.