Skip to main content

Health Care Workers and Risks ကျန်းမာရေးဝန်ဆောင်မှုပေးသူတွေအတွက် သတိပေးချက်

ပို့စ်တခုမှာ အသည်းရောင်ဘီကာကွယ်ဆေး အမခဲ့ထိုးပေးနေတဲ့ပုံတခု တွေ့ပါတယ်။ ဆရာဝန်တွေ ဆရာမတွေကို လက်အိပ်သုံးစေချင်ပါတယ်။

ဆရာဝန်၊ ဆရာမ၊ ဓါတ်ခွဲခန်းကျွမ်းကျင်သူတွေနဲ့ ရှေးဦးသူနာပြုသူတွေအားလုံးမှာ လူနာနဲ့ ထိခိုက်ဒဏ်ရာရသူတွေ ဆီကနေ ရောဂါတွေကူးစက်လာနိုင်တာကို သတိထားရပါမယ်။ သွေးနဲ့ ခန္ဓာကိုယ်အရည်တွေထဲမှာ ပိုးတွေပါနေလို့ ကိုယ့်ကိုယ်ထဲကို တနည်းနည်းနဲ့ဝင်လာရင် ကူးစက်မယ်။

အများဆုံးဖြစ်နိုင်တာတွေက (HIV) အိတ်ခ်ျအိုင်ဗွီ၊ (HBV) အသည်းရောင်ဘီနဲ့ (HCV) အသည်းရောင်စီဖြစ်တယ်။ Viral hemorrhagic fevers ဗိုင်းရပ်စ်အဖျားနဲ့ West Nile virus နဲ့ malaria ငှက်ဖျားပိုးတွေလည်း သွေးထဲမှာပါနေနိုင်တယ်။

ပိုးပါနေနိုင်တာတွေကတော့ -
• Blood and blood components သွေးအရည်အမျိုးမျိုး၊
• Semen သုက်ရည်၊
• Vaginal secretions ဗဂျိုင်းနာအရည်၊
• Pericardial fluid နှလုံးအရည်၊
• Peritoneal fluid ဝမ်းတွင်းအရည်၊
• Joint fluid အဆစ်ရည်၊
• Amniotic fluid ရေမြွာရည်၊
• Pleural fluid အဆုပ်ရည်၊
• Cerebrospinal fluid ဦးနှောက်ရည်၊
• Body fluids ခန္ဓာကိုယ်အရည်အမျိုမျိုး၊ ဆီး၊ တံတွေး၊ ချွေး၊ မျက်ရည်၊ အန်ဖတ်။

ဘယ်လိုကာကွယ်မလဲ
• လက်အိပ်နဲ့ နှာခေါင်းစီးသုံးပါ။ မျက်နှာ-မျက်လုံး အကာအကွယ်သုံးပါ။
• ပြတ်ရှတာမှန်သမျှ သတိထားကိုင်တွယ်ပါ။
• စနစ်တကျစွန့်ပါ။
• အသည်းရောင်ဘီကာကွယ်ဆေးထိုးထားပါ။
• ကိုယ့်မှာ ထိခိုက်ဒဏ်ရာ အနာရှိရင် လုံအောင်ဖုံးအုပ်ထားပါ။
• ရေနဲ့ချက်ချင်းဆေးကြောပါ။
• HIV အရေးပေါ်ဆေးအဆင်သင့်ထားပါ။
• Hepatitis B immune globulin ဆေးအဆင်သင့်ရှိပါစေ။
• Syphilis လူနာဆိုရင် antibiotics ဆေးလိုမယ်။
• ဆေးစစ်နေပါ။

ကျန်းမာရေးဝန်ထမ်းတွေ ကူးစက်ခံရမှုက မနည်းပါ။ ကျွန်တော်တို့ခေတ်ကတည်းက အန္တရာယ်လွယ်ရင်းသာ ဆေးကုပေးကြရတယ်။ ကူးစက်ခံရပြီး ဆုံးပါးသွားကြတဲ့ လုပ်ဖေါ်ကိုင်ဖက် ဆရာ-ဆရာမတွေကို စာနာမိပါတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၁၁-၂ဝ၁၆

Comments

Popular posts from this blog

Hives အင်ပျဉ်

ဆရာရှင့် မိန်းကလေးအသက် ၄နှစ်ခွဲ တနင်္ဂနွေညသန်ခေါင်မှာ ကိုယ်တွေစယားပါတယ် တနင်းလာနေ့ နေ့လည်မှာ မျက်နှာယားပြီး နှုတ်ခမ်းထူလာပါတယ် ဘာမီတွန်တလုံးတိုက်လိုက်တော့ ပျောက်သွားပါတယ် အင်္ဂါနေ့မနက်ရောက်တော့ မျက်နှာတစ်ခုလုံးအကွက်တွေနဲ့ ကိုယ်တွေယားလို့ စီထရင်း 10mg တလုံးတိုက်လိုက်ပါတယ် လူကြီးတွေက ဘာမီတွန် ပိုကောင်းတယ် တလုံးများတယ်ပြောလို့ ညတခြမ်းတိုက်လိုက်ပါတယ် အလဂျီကစိုးရိမ်ရပါလားဆရာ ကလေးကတော့ လန်းပြီး ကစားပါတယ် ဆေးခန်းပြသင့်ပါလားဆရာ ရက်ကြာပါလားဆရာ

1.Allergic Rhinitis အလာဂျီ နှာခေါင်း http://dts-medicaleducation.blogspot.com/2010/08/allergic-rhinitis.html
2.Allergy - Urticaria - Hives အင်ပြင် ထွက်ခြင်း http://dts-medicaleducation.blogspot.com/2011/11/urticaria-hives.html
3.Allergy and Worm နာတာရှည် (အလာဂျီ) နှင့် သန်ကောင် http://dts-medicaleducation.blogspot.com/2010/09/chronic-allergies.html
4.Allergy Medications (အလာဂျီ) ကို ဘယ်လို ကုသမလဲ http://dts-medicaleducation.blogspot.com/2011/05/allergy-medications.html
5.Allergy Relief Kit (အလာဂျီ) ရှေးဦးသူနာပြု ဆေးအိတ် http://dts-medicaleducation.blogspot.…

Ajinomoto ဟင်းချိုမှုန့်

၁။ ဆရာ အချိုမှုန့်က အရမ်းပမာဏမများရင် ဘေးမဖြစ်ဘူးလို့သိထားပါတယ်၊ ဟုတ်ပါသလား။

၂။ ဆရာရေးထားတဲ့ အချိုမှုန့်ဆောင်းပါး ပြန်ဖတ်ချင်လို့ ရှာတာမတွေ့လို့ အချိန်ရတဲ့အခါ ပြန်ရှယ်ပေးစေလိုပါတယ်ခင်ဗျား။

၃။ Dashi အကြောင်းဝင်ဖတ်တာ ဖတ်လို့ မရပါဘူး ဆရာ

၎။ အမေရိကန် FDA ကတော့ ခွင့်ပြုထားတယ်နော်ဆရာ

၅။ ဆရာ ကျနော်တို့ မြန်မာလူမျိုးတွေဟာ အချိုမှုန့်ကို ဟင်းထဲမှာထည့်ပြီး စားသောက်လေ့ ရှိကြပါတယ်။ နိုင်ငံခြားမှာ လုံးဝမစားသလောက်ပါပဲ။ စားသောက်ဆိုင်တွေကအစ ဟိုတယ်အဆုံး ဆိုသလို နိုင်ငံခြားမှာ အချိုမှုန့်ကို မသုံးစွဲကြဘူး။ အချိုမှုန့်ရဲ့ ဆိုးကျိုးတွေနှင့် ဓါတုဗေဒပါဝင်မှုတွေကို သိချင်ပါတယ်။ နောက်ပြီး မြန်မာတွေဟာ ဘယ်ခုနှစ်လောက်က စတင်သုံးစွဲလာခဲ့ကြပါသလဲ။

နောက်ဆုံးမေးတာကို ကျွန်တော်မသိပါ။ ဆရာတယောက်တော့ ၁၉၇၃ မတိုင်ခင် သုံးစွဲတာ မများသေးဘူးလို့ရေးတာ ဖတ်ရတယ်။ ဟင်းချိုမှုန့်ကို မြန်မာပြည်မှာ အာဂျီနိုမိုတိုလို့သာ လူသိများတယ်။ Ajinomoto ဟာ ဂျပန်နိုင်ငံက အစားအသောက်နဲ့ ဓါတုပစ္စည်းတွေ ထုတ်လုပ်တဲ့ ကော်ပိုရေးရှင်းရဲ့ နာမည်သာဖြစ်ပါတယ်။ Aspartame အက်စ်ပါတိမ်း ခေါ်တဲ့ အချိုအတုထုတ်လုပ်တဲ့ ၉ ဘီလျန်တန် ကမ္ဘာ့အကြီးဆုံးလုပ်ငန်းဖြစ်တယ်။ အချိုမှုန့်ကိ…

Cetrizine တည တပြား

ဆရာ မင်္ဂလာပါ သမီးက ကချင်တိုင်းရင်းသူပါရှင့် သမီးအဒေါ်မှာ တကိုယ်လုံး အနာဖုလေးလိုပေါက်ပါတယ် ယားတယ် အပတ်တိုင်း ဆေးခန်းသွားရပါတယ် မသက်သာဘူး အစာရှောင်လည်းမသက်သာဘူး အနာလည်းမဟုတ်ပါဘူး အဆီဖု လေးလိုပါပဲ ကုတ်လိုက်ရင် ပေါက်ထွက်သွားပြီး နောက်တစ်နေရာ ပြန်ကူးပါတယ် မန္တလေးမှာပူတော့ ပိုဆိုးလာပါတယ်ဆရာ ပိုးသတ်ဆေးသောက်နေရတော့ လူကကြာတော့ မူးလာပါတယ်ဆရာ မ- အသက် ၅၃နှစ်ပါ

တစ်ကိုယ်လုံးကို ပြင်လိုက်တယ်။ ပိုးသေဆေး မလိုလောက်။ Calamine lotion နဲ့ Cortizone 1% တခုခုလိမ်းနိုင်။ Cetrizine တည တပြားသောက်နိုင်။ တစ်ညတစ်ပြားသောက်ရင် တစ်နေမယ်။

•Cetrizine (အလာဂျီ) ဆေး https://doctortintswe.blogspot.com/2014/10/cetrizine.html
•Cortisone ကော်တီဇုန်းဆေး သတိနဲ့ပေး https://doctortintswe.blogspot.com/2015/05/cortisone.html
•Clobetamil G cream ကော်တီဇုန်းလိမ်းဆေး အသားဖြူဆေးမဟုတ် https://doctortintswe.blogspot.com/2018/04/clobetamil-g-cream.html

ဒေါက်တာတင့်ဆွေ
၁-၇-၂ဝ၁၈

Hives အင်ပျဉ်ထွက်ခြင်းအောက်မှာ ကွန်မင့်တွေရတယ်။

•Cetirizine ကိုမြန်မာပြည်ဆေးဆိုင်တွေမှာအလွယ်တကူဝယ်လို့ရနိုင်တဲ့တံဆိပ်လေးရှိရင် သိတဲ့သူများ အလင်းပြပေးပါဦးရှင်
•အဲဒိဆေ…