မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာကြပါစေ

Photo taken on 19-11-2011 by an Indian photo-journalist at Yamuna Clinic
This Blog is created on 10th October 2014

How to ask ကျန်းမာရေးနဲ့ ဆေးပညာ မေးလိုတာရှိပါက

• ဖေ့စ်ဘွတ် ကွန်မင့်ကနေ မမေးပါနဲ့။
• ဖြစ်တဲ့သူရဲ့ ကျား-မ နဲ့ အသက်ကို အရင်ဆုံးရေးပါ။ နာမည် မလိုအပ်ပါ။
• ဖြစ်နေတာ ၁-၂-၃။ ဖြစ်တာဘယ်လောက်ကြာပြီ။ လိုအပ်ရင် ရာသီ၊ အိမ်ထောင်ရေး၊ ကျန်းမာရေးနောက်ခံ၊ နေတဲ့တိုင်းပြည်။ တိုတိုရှင်းရှင်းသာရေးပါ။
• ဆေးစစ်ချက်တွေနဲ့ ပုံတွေကို အတည့်ပို့ပါ။ လိုတာကိုသာပို့ပါ။ အာလ်ထွာဆောင်းမှာ ပုံမလိုပါ။ မှတ်ချက်သာလိုတယ်။
• SMS အရေးအသားမျိုးကို မဖတ်တတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဖုန်းဆက်ပြီးမေးရင် အချိန်ဇုန်မတူတာရော၊ အသံထွက်လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
• မေးတဲ့သူက မိမိကိုယ်မိမိ သား-သမီးလို့မရေးပါနဲ့။ ဖြေမယ့်ဆရာဝန်ကို ဆရာလို့သာသုံးပါ။
• ဆေးရုံ-ဆေးခန်း-ဆရာဝန်-ဆေးဆိုင်-ဆေးဈေး-ကုန်ကျစရိတ် စတာတွေကို မသိပါ။
• မေးစရာနေရာ (၁) အီးမေးလ် doctortintswe@gmail.com (၂) ဖေ့စ်ဘွတ် https://www.facebook.com/tint.swe.dr (၃) ဖေ့စ်ဘွတ် https://www.facebook.com/drtintswe/
• မေးနည်းစည်းကမ်းအရ မမေးလိုသူများ http://doctortintswe.blogspot.com/ Dr. Tint Swe's Writings မှာ ရှာဖတ်နိုင်ကြပါတယ်။

Sunday, November 20, 2016

Home health care လေဖြတ်တာကို အိမ်မှာဘယ်လို စောင့်ရှောက်မလဲ

5:06AM
ဆရာရှင့် သမီးအဘွား အသက် 70 ရှိပါပြီ သုံးရက်လောက်ရှိပါပြီ စကားမပြောနိင်ဖြစ်ပြီး ညာဘက်လက်တဖက် မလူပ်နိင်တာ။ မန်းလေးဆေးရုံကြီးမှာ တတ်နေပါတယ်။ ဆေးရုံကြီးက ခေါင်းကိုဓါတ်မှန်ရိုက်ပေးပြီး ဆရာဝန်လေးတွေကတော့ ပြောသွားတယ်တဲ့ တိုင်းရင်းဆေးနဲ့ကုဖို့တဲ့။ သမီး အဘွားပြန်ကောင်းလာအောင် ဘယ်လိုကုရမလဲဆိုတာ အကြံဉာဏ်လေးပေးလို့ရရင်ပေးပါအုံးဆရာ။

4:46PM
တိုင်းရင်းဆေး မသိပါ။ ဆရာဝန်တွေက အဲလိုပြောမယ်တော့ မထင်ပါ။ ရောဂါအကြောင်းသိလိုရင် ဘလော့မှာ လေဖြတ်ခြင်းစာကို ဖတ်ပါ။

ယူအက်စ်အေမှာ အိမ်မှာတင် ကျန်းမာရေးစောင့်ရှေက်ြပေးဘို့လိုသူပေါင်း (၁၂) သန်းရှိတယ်လို့ဆိုပါတယ်။ အဲလိုစောင့်ရှောက်ပေးတာကို Home health care ခေါ်ပါတယ်။ အားလုံးထဲက ၆၉့၁% ဟာ အသက် (၆၅) နှစ်ကျော်သူတွေဖြစ်ကြပြီး စုစုပေါင်းရဲ့ ၆၃့၈% က အမျိုးသမီးတွေဖြစ်ကြတယ်။ ဆောရီး။

လေဖြတ်နေသူသာမကပါ ဆီးချိုရှိနေကြသူတွေ၊ နှလုံးမကောင်းသူတွေ၊ အရေပြားမှာ နာတာရှည်အနာပေါက်နေသူတွေ၊ အရိုးမကောင်းသူတွေနဲ့ သွေးတိုးရှိကြသူတွေဖြစ်တယ်။ မျက်စိမမြင်သူတွေ၊ နားမကြားသူတွေ၊ အယ်လ်ဇာမိုင်ယာခေါ် ဦးနှောက်ချိ့ယွင်းလာသူတွေလည်း ပါတယ်။ လူဦးရေရဲ့ ၁၂့(% ဟာ အသက် (၆၅) နှစ်ကျော်သူတွေဖြစ်တယ်။ သူတို့ရဲ့ နောက်ထပ်အသက်ရှည်နှုန်းက ပျမ်းမျှ ၁၈့၆ နှစ်ရှိတယ်။ သူတို့ဆီမှာ သက်ကြီးရွယ်အို ၃ဝ% က တယောက်တည်းသာ နေကြရတယ်။

Paralysis လေဖြတ်ခြင်း http://doctortintswe.blogspot.com/2015/04/paralysis.html
Paralysis ဘာသာပြန် http://doctortintswe.blogspot.com/2016/05/paralysis.html

ဒေါက်တာတင့်ဆွေ
၂ဝ-၁၁-၂ဝ၁၆

No comments:

Post a Comment

Note: Only a member of this blog may post a comment.