မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာကြပါစေ

Photo taken on 19-11-2011 by an Indian photo-journalist at Yamuna Clinic
This Blog is created on 10th October 2014

How to ask ကျန်းမာရေးနဲ့ ဆေးပညာ မေးလိုတာရှိပါက

• ဖေ့စ်ဘွတ် ကွန်မင့်ကနေ မမေးပါနဲ့။
• ဖြစ်တဲ့သူရဲ့ ကျား-မ နဲ့ အသက်ကို အရင်ဆုံးရေးပါ။ နာမည် မလိုအပ်ပါ။
• ဖြစ်နေတာ ၁-၂-၃။ ဖြစ်တာဘယ်လောက်ကြာပြီ။ လိုအပ်ရင် ရာသီ၊ အိမ်ထောင်ရေး၊ ကျန်းမာရေးနောက်ခံ၊ နေတဲ့တိုင်းပြည်။ တိုတိုရှင်းရှင်းသာရေးပါ။
• ဆေးစစ်ချက်တွေနဲ့ ပုံတွေကို အတည့်ပို့ပါ။ လိုတာကိုသာပို့ပါ။ အာလ်ထွာဆောင်းမှာ ပုံမလိုပါ။ မှတ်ချက်သာလိုတယ်။
• SMS အရေးအသားမျိုးကို မဖတ်တတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဖုန်းဆက်ပြီးမေးရင် အချိန်ဇုန်မတူတာရော၊ အသံထွက်လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
• မေးတဲ့သူက မိမိကိုယ်မိမိ သား-သမီးလို့မရေးပါနဲ့။ ဖြေမယ့်ဆရာဝန်ကို ဆရာလို့သာသုံးပါ။
• ဆေးရုံ-ဆေးခန်း-ဆရာဝန်-ဆေးဆိုင်-ဆေးဈေး-ကုန်ကျစရိတ် စတာတွေကို မသိပါ။
• မေးစရာနေရာ (၁) အီးမေးလ် doctortintswe@gmail.com (၂) ဖေ့စ်ဘွတ် https://www.facebook.com/tint.swe.dr (၃) ဖေ့စ်ဘွတ် https://www.facebook.com/drtintswe/
• မေးနည်းစည်းကမ်းအရ မမေးလိုသူများ http://doctortintswe.blogspot.com/ Dr. Tint Swe's Writings မှာ ရှာဖတ်နိုင်ကြပါတယ်။

Tuesday, November 22, 2016

New World Disorder အဆီအငေါ်မတည့်တဲ့ကမ္ဘာ

UNHCR ယူအင်အိတ်ခ်ျစီအာခေါ် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးမှာ စာတမ်းတခုချိတ်ဆွဲထားတယ်။ ဒုက္ခသည်တယောက်အဖို့ ခရီးသွားအိတ်ကိုသာ သယ်ယူလာနိုင်တာမဟုတ်ပါတဲ့။ စာတမ်းအောက်က ဓါတ်ပုံကတော့ အတွေးအခေါ်ပညာရှင် အဲလ်ဘတ် အိုင်းစတိုင်း ဖြစ်ပါတယ်။

မျက်မှောက်ခေတ် နိုင်ငံတကာရေးရာနဲ့ သံခင်းတမန်ခင်းမှာ နာမည်အကြီးဆုံးလို့ပြောရမဲ့ ဟင်နရီကစ်ဆင်ဂျာဟာလဲ ဂျူးတွေကိုသတ်နေတဲ့ နာဇီဂျာမဏီလက်ကနေလွတ်မြောက်ပြီး၊ ၁၉၃၈ မှာ လန်ဒန်ကနေတဆင့် နယူးယောက်ကို ထွက်လာရသူဖြစ်ပါတယ်။ သူ ဟားဗတ်တက္ကသိုလ် ပါရဂူဘွဲ့အတွက် စာတမ်းရေးဘို့ရွေးတဲ့အခါ ၁၇ ရာစုကို ပြန်သွားနေသလားလို့ မြင်ခဲ့ကြတယ်။ ၁၆၄၈ ကဖြစ်ခဲ့တဲ့ (ဝက်စ်ဖီးလီးယား) ငြိမ်းချမ်းရေးကိုအခြေခံတဲ့ နိုင်ငံတကာ ဖြစ်စဉ်ကို ရွေးလို့ပါ။ ဒီစနစ်ဖြစ်စဉ်ကနေ အနှစ်သုံးဆယ်စစ်ပွဲကို အဆုံးသတ်နိုင်ခဲ့တယ်။ ဥရောပနိုင်ငံတကာအရေးမှာ ဘာသာရေးစစ်ပွဲတွေ၊ ဟိုလီ ရိုမန်အင်ပါယာနဲ့ ဥရောပပါဝါမျှခြေတွေကနေ ပုံဖေါ်တာမဟုတ်ဘဲ၊ ဘာသာရေးအပါအဝင် မတူကွဲပြားတာတွေကို အုပ်စိုးတဲ့ အချုပ်အခြာအာဏာပိုင် လွတ်လပ်တဲ့တိုင်းပြည် (စတိတ်) ကနေ ပုံဖေါ်တယ်လို့ ဆိုပါတယ်။ တပါးနိုင်ငံပြည်တွင်းရေးကို ဝင်မစွက်ရေးမူကို အခြေပြုပြီး၊ အမျိုးသားအကျိုးစီးပွါးကို တွက်တာဖြစ်ပါပါတယ်။
သူနဲ့သဘောမတူတဲ့ ဟားဗတ်ကျောင်းသားတွေကတော့ အနုမြူဗုံးကနေ ကမ္ဘာ့အရေးမှာ အခြေခံကျကျပြောင်းနိုင်ခဲ့တယ် လို့ ဒုတိယကမ္ဘာစစ်နမူနာကို ထောက်ပြကြတယ်။

ဒီအယူအဆမှာ ကျင့်ဝတ်သဘောနဲ့ ဆန့်ကျင်နေတာတွေရှိတယ်။ ကောင်းတယ်ဆိုတာကိုသာရွေးလိုက်ရင် အန္တရာယ်တွေ ဆက်လာမယ်လို့မြင်တာမို့ အပြစ်တင်စရာဖြစ်ပေမဲ့ ကိုယ့်တိုင်းပြည်အကျိုးစီးပွါးအတွက် ဒိထက်သင့်တော်တာ မရှိတဲ့လမ်းစဉ်လို့ ဆိုပါတယ်။ ကစ်ဆင်ဂျာက သူ့အယူအဆကို ဆိုဗီယက်ယူနီယန်နဲ့ ကျေစေအေးစေလုပ်ပြီး အစွမ်းပြနိုင်ခဲ့ပါတယ်။ ဒိနောက်မှာ ကွန်မြူနစ် တရုတ်ပြည်ကြီးရဲ့ တံခါးကိုဖွင့်နိုင်လာတယ်။ နိုင်ငံရေးမှာ ကောက်ကျစ်မှုကို ထိန်းချုပ်ရေးလုပ်ရတာမဟုတ်ဘဲ၊ မှန်တယ်ဆိုတာတွေကို ကန့်သတ်ရေးဖြစ်ပါသတဲ့။

သူ့စာအုပ်ကို ဒီလိုအချိန်မျိုးမှာရေးလို့ အံ့သြကြသူတွေများလှတယ်။ ၂၁ ရာစု နိုင်ငံတကာအခင်းအကျင်းနဲ့ ဖီလာဖြစ်နေလို့ပါ။ ကမ္ဘာကြီးပြားပြီ၊ အကြမ်းဖက်မှုဆိုတာ နယ်နိမိတ်မထား၊ ဆိုးသွမ်းရက်စက်တဲ့ အာဏာရှင်တွေ အောက်ကလူအများကို လူသားခြင်းစာနာမှုအရ အကူအညီပေးရမယ် စတဲ့အဖြစ်အပျက်တွေကို မျက်ဝါးထင်ထင် မြင်နေကြရတယ် မဟုတ်ပါလား။ ရီရယ်လစ်အိုင်ဒီယာကိုပြစ်ပယ်ပြီး လွတ်မြောက်မှုအာဂျင်ဒါ နဲ့ အီရတ်ကို ဝင်တိုက်ခဲ့တာဟာ အရှေ့အလယ်ပိုင်းမှာ ဒီမိုကရေစီအတွက် စိတ်ချရဘို့လို့ဆိုပါတယ်။ လူသားချင်းစာနာမှုခေါင်းစဉ်နဲ့ လစ်ဗျားက ကဒါဖီကို ပြုတ်ကျစေတယ်။

အမေရိကန်ပြည်ထောင်စုသမိုင်းမှာ ဝက်စ်ဖီးလီးယားသီအိုရီကို လိုက်တဲ့အခါလိုက်ပြီး၊ ပါဝါမျှခြေနည်း သုံးတဲ့အခါ သုံးပါတယ်။ သူတပါးပြည်တွင်းရေးကို စွက်ချင်ရင်လဲစွက်ပါတယ်။ အမြဲစွက်တာလဲမဟုတ်ပါ။ ကစ်ဆင်ဂျာ ကိုယ်တိုင် ဝန်ခံတာက အမေရိကန် ဒီအင်န်အေမှာ အိုင်ဒီရယ်လစ်ဇင်ပါနေတယ်လို့ဆိုပါတယ်။ သူက အဲဒီအချက်ကို ထောက်ပြဘို့ မပျက်ကွက်ပေမဲ့ ဆက်ပြီး ဒါပေမဲ့ ဆိုတာအမြဲလိုက်ပါတယ်။

တကယ့် ဒါပေမဲ့ကတော့ ခိုင်မြဲအမြစ်တွယ်နေတဲ့ဒီမိုကရေစီမှာ တန်ဘိုးဘက်မလိုက်မှုအယူအဆဟာ တာရှည်မဖြစ်နိုင်ပါ။ ကစ်ဆင်ဂျာ ၁၉၇ဝ ကျော်နှစ်တွေမှာ အမျိုးသားလုံခြုံရေးအကြံပေးနဲ့ နိုင်ငံခြားရေးဝန်ကြီးအဖြစ် အမှုထမ်းခဲ့တဲ့ သမတ ရစ်ချတ် နစ်ဆင် နောက်မှာ သူနဲ့မတူတဲ့ နည်းလမ်းကိုသုံးကြတဲ့ ဂျင်မီကာတာနဲ့ ရော်နယ်ရီဂင် တို့တက်လာပါတော့တယ်။
အခုတော့ ကစ်ဆင်ဂျာ ပြောသလိုမျိုးဖြစ်ပျက်နေပြန်ပါပြီ။ အာရတ်တိုင်းပြည်တွေမှာ အစွန်းရောက် ဂျီဟဒ်ဒီ တွေရန်ကို ထိန်းနိုင်ဘို့ရာ စွက်ဖက်မှုမလုပ်လို့မရတော့ပါ။ ကျင့်ဝတ်ဆိုတာတွေကို မချိုးဖေါက်လို့မဖြစ်တော့ပါ။ အီရတ်၊ ဆီးရီးယား၊ လစ်ဗျား၊ အာဖကန်နစ္စတန်နဲ့ အီဂျစ်မှာ ကိုယ်ကျိုးစီးပွါးအတွက် မဟာဗျူဟာကျတာတွေ လုပ်လာရပါတော့တယ်။ အာဖကန်စစ်ပွဲမှာ အမေရိကန်စစ်သားတွေ ပါနေတာရော၊ စစ်ပွဲကိုပါအဆုံးသတ်မယ်လို့ မဲဆွယ်ခဲ့တဲ့ သမတ အိုဘားမား စစ်ပွဲသစ်တမျိုးကို မတိုက်လို့မဖြစ်တဲ့အခြေအနေ တိုက်နေရပါပြီ။

ဒါ့ကြောင့် အိုင်ဒီရယ်လစ် (ကျင့်ဝတ်) အပေါ်မှာ ရီရယ်လစ် (လက်တွေ့) က ကဲသာနေတဲ့ ကမ္ဘာ့အစီအစဉ်ပါ။ ကျွန်တော့အမြင်ကတော့ New World Disorder အဆီအငေါ်မတည့်တဲ့ကမ္ဘာလို့မြင်ပါတယ်။ ကောက်ကျစ်စဉ်းလဲမှု ကန့်သတ်ရေးဆိုတာ တည်ငြိမ်ရေးအတွက်လို့ ဘာသာပြန်တဲ့ခေတ်မှာ ကျွန်တော်တို့ လူဖြစ်နေကြရတယ်။ အာဏာရှင်တွေကိုတိုက်ဖျက်ရေးမှာ ရှုတ်ထွေးလာတယ်။ ISIS ကိုထိုးနှက်ဖို့ရာ ဆီးရီးယားသမတ အားဆဒ်နဲ့ အပေးအယူ လုပ်ရပါတော့တယ်။ ဒါ့ကြောင့် ဆိုးလှတဲ့သမတကို သူ့ထက်ဆိုးသွမ်းတဲ့ မွတ်ဆလင်အစွန်းရောက်တွေကနေ အသက်ဆက်ပေးသလို ဖြစ်စေတယ်။

အသက် ၉၁ နှစ်ရှိပြီဖြစ်တဲ့ ကစ်ဆင်ဂျာဟာ ၁၇ အုပ်မြောက်စာအုပ်ရေးပြန်ပါတယ်။ World Order ကမ္ဘာ့အစီအစဉ်တဲ့။ အချုပ်အခြာအာဏာကို ကာကွယ်ရေးဘက်ကနေ ရေးတာပါဘဲ။ ပြင်သစ်က ကာဒီနယ် ရစ်ခ်ျလီယူ၊ ပရပ်ရှားက ဘစ်စမတ်ခ်၊ အိန္ဒိယက ကော်တီလယာ၊ အော်တိုမန် စူလ်တန် ဆူလီမန် တို့ လမ်းစဉ်အတိုင်းဖြစ်ပါတယ်။ အမေရိကန် သမတတွေ ဖြစ်ကြတဲ့ တက်ဒီ ရုစ်ဗဲလ်၊ ဝုဒ်ဒိုး ဝီလဆင် တွေလဲ အဲဒီကမ္ဘာဖြစ်စဉ်မျိုးကို ပုံဖေါ်ခဲ့ကြတာပါဘဲ။ ရီရယ်လစ် အိုင်ဒီယာသမားတွေ ဖြစ်တယ်။ သူ့စာအုပ်သစ်မှာ သမတ ဂျော့ ဒဘလယူ ဘွတ်ခ်ျကို အိုင်ဒီရယ်လစ် လမ်းစဉ်လိုက်ခဲ့လို့ ပြစ်တင်ထားပါတယ်။

အမေရိကန်သမတသစ်တက်လာပြီးနောက်မှာ ဒီစာကို မွမ်းမံစရာတွေရှိလာပြီ။ ရေးချင်သေးတယ်။

ဒေါက်တာတင့်ဆွေ
၁-၁ဝ-၂ဝ၁၄
(ကိုးကားချက်တွေကို တိုင်းမ်မဂ္ဂဇင်း၊ ၁၁၊ ၂ဝ၁၄)

No comments:

Post a Comment

Note: Only a member of this blog may post a comment.