The Da Vinci Code ဒဗင်ချီ ကုဒ် (သို့) ဘာသာရေးနဲ့ အနုပညာ

ဆရာ့ရဲ့ဘာသာရေးကို သောက်စားကြသည် ပို့စ် ဖတ်လိုက်ရပါတယ်။ ဗုဒ္ဓဘာသာနဲ့သက်ဆိုင်တဲ့ပုံတွေကိုသုံးပြီး အနုပညာဆန်းသစ်တီထွင်မှုဆိုရင် ဂျီးဆပ်နဲ့ပက်သက်လို့ရော တီထွင်ဆန်းသစ်မှုလုပ်တာတွေရှိပါသလား။ လူမျိုးရေး ဘာသာရေးနဲ့ သက်ဆိုင်လို့ မက်ဆေ့မှတဆင့် သီးသန်းမေးပါတယ်။ သမီးရဲ့မေးခွန်းကို လူအများသိဖို့ ပို့စ် တင်ပေးမယ်ဆိုလည်း ပိုလို့တောင် ကျေးဇူးတင်ပါတယ်။

ခရစ်ယန်မှာလည်း အဲလိုလုပ်တာတွေ့ဖူးတယ်။ ဥပမာ သမတဒေါ်နယ်ထရမ့်ကနေ မိန့်ခွန်းပြောနေတဲ့ကာတွန်းတခု။ ကျွန်တော်ဟာ ခရစ်ယန်ရဲ့မဟာကိုယ်စားလှယ်ဖြစ်ပါတယ်လို့ ပြောနေစဉ် သူ့လက်ချောင်းတွေက မဟုတ်တရုပ် လုပ်ထားနေပုံ၊ စာမှာ လက်ဝါးကပ်တိုင်သင်္ကေတလို့ ရေးထားတယ်။

The Da Vinci Code စာအုပ် Dan Brown ဒင် ဘရောင်းရေးတာ ဝယ်ဖတ်တယ်။ ဇာတ်လမ်းထဲမှာ ပဲရစ်မြို့ Musée du Louvre မြူဆီယေဗီလုခ် ပြတိုက်ထဲ လူသတ်မှုဖြစ်ရာကနေ တွေ့ရတဲ့ သင်္ကေတစာကိုဘာသာပြန်ဘို့ကြိုးစားတယ်။ ယေရှုခရစ်တော်နဲ့ မေရီ မက်ဂလိန်း လက်ထပ်တဲ့ ဇာတ်လမ်းကို လူတွေမသိအောင် လျို့ဝှက်ထိန်းသိမ်းထားတယ်လို့ ပါတယ်။ Holy Grail လို့ ခေါ်တယ်။ ဇာတ်လမ်းက စိတ်ကူးယဉ်ပေမယ့် ဒီစာအုပ်ကို ရိုမန်ကက်သလစ်က အကြီးအကျယ် ပြစ်တင်ဝေဖန်တယ်။ တွမ်ဟန့်စ်နဲ့ ရုပ်ရှင်ရိုက်တော့လည်း နာမည်ကြီးတယ်။ ကျွန်တော် ၂-၃ ခါကြည်ဖူးတယ်။

၂ဝဝ၃ မှာ စာအုပ်ထွက်တော့ ရောင်းမလောက်အောင်ဖြစ်တယ်။ ဟယ်ရီပေါ်တာနောက် ဒုတိယလိုက်တယ်။ ဝေဖန်ရေးတွေကလည်း ပြင်းထန်တယ်။ ထောက်ပြသူတွေက သမိုင်းအချက်အလက်မတိကျဘူးလို့ ဆိုပါတယ်။ ကက်သလစ်မဟုတ်တဲ့ခရစ်ယန်တွေကတော့ လက်ခံကြတယ်။ နယူးယောက်တိုင်းမ်က အလကားလို့ ဝေဖန်တယ်။ The Satanic Verses စာအုပ်ရေးလို့ မွတ်ဆလင်တချို့ သေဒဏ်ပေးခံထားရသူ အိန္ဒိယလူမျိုး၊ ဗြိတိန်မှာနေတဲ့ Salman Rushdie ဆယ်လ်မန်ရပ်စ်ဒီက အဲဒီစာအုပ် မကောင်ဘူးပြောတယ်။

Dan Brown ကတော့ သူရေးတာ အချက်အလက်ခိုင်မာတယ်လို့ပြန်ငြင်းတယ်။ CNN အင်တာဗျူးမှာ သူရေးတာ ၉၉% မှန်တယ်လို့ဖြေတယ်။ အမေရိကန်ဟာရေးဆရာ Stephen King စတီဖင်ကင်းကတော့ အတော်သဘောကျပါသတဲ့။

ပြင်သစ်စာရေးဆရာ Author Lewis Perdue ကတော့ သူရေးထားတဲ့ဝတ္ထုနှစ်အုပ်ထဲကအချက်တွေယူထားတယ်ဆိုပြီး တရားစွဲတယ်။ စွဲဆိုချက်က ပယ်ချခံရတယ်။

စာအုပ်ထဲမှာပါတဲ့ The Priory of Sion အဖွဲ့ဟာ ၁ဝ၉၉ တုန်းက ပြင်သစ်မှာ တကယ်ရှိခဲ့ပါတယ်။ လီယိုနာဒိုဒါဗင်ချီရဲ့ ကုဒ်ကိုသိအောင်ဖေါ်ရတာ ခက်တော့ခက်ပါတယ်။

ဒေါက်တာတင့်ဆွေ
၉-၆-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး