ဖြည်းဖြည်း

၁။ မင်္ဂလာပါဆရာခဗျ။ ဖြေးဖြေး နှင့် ဖြည်းဖြည်း အသုံးအနှုန်းကို အမှားအမှန် ခွဲပြပေးစေလိုပါတယ်ခဗျ။

၂။ ဖြည်းဖြည်နဲ့ဖြေးဖြေး အသုံးလေးသိချင်မိပါတယ်ဆရာ။

၃။ ဖြည်းဖြည်း (ဖြေးဖြေး) ကို ဘယ်လိုသုံးလျှင် အမှန်ဖြစ်ပါသလဲခင်ဗျာ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။

သတ်ပုံစာအုပ်တွေထဲမှာ ဖြေး မပါ။

ဖြည်း = နှေးသည်၊ သာယာသည်
ညံ့ဖြည်း
တဖြည်းဖြည်း
ပျံ့ဖြည်း
ဖြည်းညှင်းသက်သာ
ဖြည်းညှင်းသာယာ
ဖြည်းဖြည်းပြုသည်
ဖြည်းဖြည်းသက်သာ
ဖြည်းဖြည်းသွားလာသည်
ဖြည်းဖြည်ပြုပါ
သာဖြည်း
သုတ်ဖြည်း

အတတ်ပညာကို ဖြည်းဖြည်းသင်ရာ၏။ ပစ္စည်းဥစ္စာကို ဖြည်းဖြည်းရှာရာ၏။ တောင်တက်သောသူသည် ဖြည်းဖြည်း တက်ရာ၏။ ကာမကိစ္စကို ဖြည်းဖြည်းပြုကျင့်ရာ၏။ အမျက်ကို ဖြည်းဖြည်းထွက်ရာ၏။ (လောကနီတိ)

ဇရာကိုကား ဖြည်းဖြည်းလာပါဟု စောင့်ခိုင်း၍ မရနိုင်ချေတကား။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး