Father's Day အဖေနေ့
ကျွန်တော်တို့ညီအကိုမောင်နှမတွေက အဖေလို့ခေါ်တယ်။ တချို့မိသားစုတွေမှာ ဖေဖေလို့ခေါ်ကြတယ်။
နိုင်ငံအတော်များများမှာ နှစ်စဉ် ဇွန်လ (၁ဝ) ရက်နေ့လို့သတ်မှတ်တယ်။ တချို့နိုင်ငံတွေက ဇွန် တတိယ တနင်္ဂနွေနေ့လို့ သတ်မှတ်တယ်။ ဝီကီပီးဒီယားထဲမှာတော့ မြန်မာနိုင်ငံရဲ့ ဖခင်များနေ့ကို ဇွန် (၁၉) ရက်နေ့လို့ ထည့်ထားတာ တွေ့ရပါတယ်။ အမှားပြင်ရမှာပါ အဲသည်နေ့က ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ မြန်မာနိုင်ငံအမျိုးသမီးများနေ့လို့ တရားဝင်မဟုတ်ပေမဲ့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဖခင်များနေ့ရယ်လို့ သတ်မှတ်ထားတာ၊ အဆိုပြုထားတာ မရှိသေးပါ။ International Men's Day နိုင်ငံတကာ ယောက်ျားများနေ့ ကိုတော့ နိုဝင်္ဘာဘာ (၁၉) ရက်နေ့မှာ သတ်မှတ်ထားတယ်။ အမှန်က ကလေးမရသေးသူ ယောက်ျားတွေအတွက်ပါ။
ဖခင်နေ့များ
- ဖေဖေါ်ဝါရီ ၂၃ = ရုရှား၊
- မတ်လ ၁၉ = အန်ဒိုရာ၊ ဘယ်လ်ဂျီယမ် (အင်းတဝပ်)၊ မိုဇမ်ဘစ်၊ ခရိုယေးရှား၊ ဘိုလီးဗီးယား၊ အီတလီ၊ ဆွစ်ဇာလန်၊ လီချင်စတိုင်း၊ ပေါ်တူကီ၊ စပိန်၊
- မေ ၈ = တောင်ကိုရီးယား (မိဘများနေ့)။
- မေလ ဒုတိယတနင်္ဂနွေ (၁ဝ၊၁၁၊ ၁၂) = ရိုမေးနီးယား၊
- မေလ တတိယတနင်္ဂနွေ (၁၇၊၁၈၊ ၁၉) = တွန်ဂါ၊
- ဇွန် ပဌမတနင်္ဂနွေ (၁၊ ၂၊ ၇) = ဂျာမဏီ၊ လစ်သူယေးနီးယား၊ ဆွစ်ဇာလန် (ကန်ုန် တီစီနို)၊
- ဇွန် ၅ = ဒိန်းမတ်၊
- ဇွန် ဒုတိယတနင်္ဂနွေ (၈၊၉၊ ၁၄) = သြစတြီးယား၊ ဘယ်လ်ဂျီယမ်၊
- ဇွန်တတိယတနင်္ဂနွေ (၁၅၊ ၁၆၊ ၂၁) = အာဖကန်နစ္စတန်၊ အယ်လ်ဘေးနီးယား၊ အင်တီဂူအာ + ဘာဘူးဒါး၊ အာဂျင်တီးနား၊ အာရူးဘား၊ ဘဟားမား၊ ဘာရိန်း၊ ဘင်္ဂလားဒက်ရှ်၊ ဘာဘေးဒိုးဒစ်၊ ဘီလဇ်၊ ဘရူနိုင်း၊ ဘာမြူးဒါး၊ ကနေဒါ၊ ကမ္ဘောဒီးယား၊ ချီလီ၊ ကော့စတာရီကာ၊ ကျူးဘား၊ ကူရာကို၊ ဆိုက်ပရပ်စ်၊ ချက်၊ ဒိုမီနီကန်၊ အီကွေဒေါ၊ အီသီယိုပီးယား၊ ပြင်သစ်၊ ဂါနာ၊ ရိုင်ယာနာ၊ ဟောင်ကောင်၊ ဟန်ဂေရီ၊ အိန္ဒိယ၊ အိုင်ယာလန်၊ ဂျမေကာ၊ ဂျပန်၊ ကင်ညာ၊ ကိုဆိုဗို၊ ကူဝိတ်၊ လာအို၊ မကာအို၊ မဒါကာစကာ၊ မလေးရှား၊ မော်လ်တာ၊ မောရေးရှပ်စ်၊ မိဇမ်ဘစ်၊ နမီးဘီးယား၊ နယ်သာလန်၊ အိုမန်၊ ပါကစ္စတန်၊ ပနားမား၊ ပါရာဂွေး၊ ပီရူး၊ ဖိလစ်ပိုင်၊ ပွါတိုရီကို၊ ကာတာ၊ စိန့်လူစီယာ၊ စိန့်ဗင်းဆင့် + ဂရင်နေဒင်း၊ စင်္ကာပူ၊ ဆလိုဗက်ကီးယား၊ တောင်အာဖရိက၊ သီရိလင်္ကာ၊ ဆူရီနိမ်း၊ ထရီနီဒက် + တိုဘေကို၊ ကျူနီးရှား၊ ယူကေ၊ ယူအက်စ်၊ ဗင်နီဇွဲလား၊ ဗီယက်နမ်၊ ဇမ်ဘီယာ၊ ဇင်ဘာဗွေ၊
- ဇွန် ၁၇ = အယလ်ဆာဗာဒို၊ ဂွါတီမာလာ၊
- ဇွန် ၂၁ = လက်ဘနွန်၊ အီဂျစ်၊ ဂျော်ဒန်၊ ပါလစ်တိုင်း၊ ဆီးရီးယား၊ ယူဂန်ဒါ၊
- ဇွန် ၂၃ = နိုက်ကာရာဂွါ၊ ပိုလန်၊
- ဇွန်လ နောက်ဆုံးတနင်္ဂနွေ (၂၈၊ ၂၉၊ ၃ဝ) = ဟေတီ၊
- ဇူလိုင် ဒုတိယတနင်္ဂနွေ (၁၂၊ ၁၃၊ ၁၄) = ယူရူဂွိုင်း၊
- ဇူလိုင် နောက်ဆုံးတနင်္ဂနွေ (၂၆၊ ၂၇၊ ၂၈) = ဒိုမီနီကန်၊
- သြဂုတ် ၈ = တိုင်ဝမ်၊
- သြဂုတ် ဒုတိယတနင်္ဂနွေ (၉၊ ၁ဝ၊၁၁) = ဘရာဇီး၊ ဆာမိုအာ၊ ဟက်တင်္ဘာ ပဌမတနင်္ဂနွေ (၁၊ ၆၊ ၇) = သြတေးလျ၊ ဖီဂျီ၊ နယူးဇီလန်၊ ပါပူအာနယူးဂီနိ၊
- စက်တင်္ဘာ ဒုတိယတနင်္ဂနွေ (၈၊ ၁၃၊ ၁၄) = လတ်ဗီးယား၊
- စက်တင်္ဘာ တတိယတနင်္ဂနွေ (၁၅၊ ၂ဝ၊၂၁) = ယူကရိန်း၊
- အောက်တိုဘာ ပဌမတနင်္ဂနွေ (၄၊ ၅၊ ၆) = လူဇင်ဘတ်၊
- နိုဝင်္ဘာ ဒုတိယတနင်္ဂနွေ (၈၊ ၉၊ ၁ဝ) = အက်စတိုးနီးယား၊ ဖင်လန်၊ အိုက်စလန်၊ နော်ဝေ၊ ဆွီဒင်၊
- နိုဝင်္ဘာ ၁၂ = အင်ဒိုနီးရှား၊
- ဒီဇင်္ဘာ ၅ = ထိုင်း (ဘုရင့်မွေးနေ့)၊
- ဒီဇင်္ဘာ ၂၆ = ဘူလဂေးရီးယား၊
ဖခင်များနေ့ကို နှစ်စဉ် ဇွန်လ တတိယ တနင်္ဂနွေနေ့မှာ အများဆုံး ကျင်းပကြပါတယ်။ အမေရိကားမှာ အမေများနေ့ကို အောင်အောင်မြင် တီထွင်ကျင်းပနိုင်ရာကနေ ဘယ်နေ့ကို ဖခင်များနေ့လုပ်မလဲကို ကြံဆခဲ့ကြတာပါ။ သူတို့ဆီမှာ တခြားပုဂ္ဂိုလ်တွေရှိခဲ့ပေမဲ့ အားလပ်ရက်ဖြစ်အောင် စွမ်းဆောင်ခဲ့သူအဖြစ် Sonora Smart Dodd ကို အသိအမှတ် ပြုထားကြပါတယ်။ ဆိုနိုရာ စမတ် ဒေါ့ဒ်ဟာ ဝါရှင်တန် YMCA မှာ ၁၉၁ဝ ခုနှစ်မှာ စတင် ကျင်းပနိုင်ခဲ့ပါတယ်။ သူ့ဖခင်ဟာ ပြည်တွင်းစစ် စစ်ပြန်တဦးဖြစ်တယ်။ သူ့ဖခင် စ္စတာစမတ်ဟာ ဆင်ဂယ် ဖါးသား မိန်းမမယူဘဲ ကလေး ၆ ယောက်ကို ကျွေးမွေးပြုစုခဲ့သူပါ။ ဖခင်ရဲ့မွေးနေ့ ဇွန် ၅ ရက်ကို တိုက်တွန်းပေမဲ့ ဘာသာရေးဆရာ ပါစတာက အချိန်မပေးနိုင်ရာကနေ တတိယတနင်္ဂနွေလို့ ဖြစ်လာခဲ့ပါတော့တယ်။
အစပိုင်းများ လူသိမများ၊ လူကြိုက်မများပါ။ ၁၉၃ဝ မှာ Father's Day Council အဖေများနေ့ကောင်စီကို အမျိုးသားများ ဝတ်စုံ လက်လီအသင်းရဲ့ အကူအညီနဲ့ နယူးယော့မှာ ဖွဲ့နိုင်လာခဲ့တယ်။ စက်မှုလုပ်ငန်းတွေကို စည်းရုံးပါတယ်။ ၁၉၈ဝ ကျော်နှစ်တွေထဲမှာ ထင်ရှားကျော်စောလာပြီး ယောက်ျားလက်ဆောင် စက်မှုလုပ်ငန်းကဆိုရင် ဒုတိယ ခရစ္စမတ်နေ့လို့ ယူဆလာခဲ့ပါတယ်။ ၁၉၁၃ ကွန်ဂရက်စ်မှာ ဘီလ်တင်နိုင်လာပြီး ၁၉၁၆ မှာ သမတ ဝီလဆင်က မိန့်ခွန်းလာပြောတယ်။ ၁၉၇၂ ရစ်ချတ် နစ်ကဆင်လက်ထက်မှာ တရာဝင်ရုံးပိတ်ရက်ဖြစ်လာပါတော့တယ်။ အင်္ဂလိပ်လို စာလုံးပေါင်းရာမှာ ဒေါ့ဒ်ဖြစ်စေချင်တာက Fathers' Day ဖြစ်ပေမဲ့ ကွန်ဂရက်မှာတော့ Father's Day ဖြစ်လာခဲ့ပါတယ်။
ဒေါက်တာတင့်ဆွေ
၁၅-၅-၂ဝ၁၃
၁၅-၅-၂ဝ၁၇

Comments
Post a Comment