Himalayan Forest ဟိမဝန္တာတော

ဆရာ သောတာပန်ဆိုတာ ဘာပြောတာလဲ။ ဗုဒ္ဓဝင်သမိုင်း ကြည့်နေလို့ မေးကြည့်တာပါ။

သောတာပန်၏ ထူးခြားချက်(၇) ရပ်ကို ကူးယူပြီး၊ ပို့လိုက်ပါတယ်။

လာတော့မယ် ကွန်မင့်တွေ။ ကျွန်တော်ရေးတာတွေဖတ်ပြီး တယ်သိတာပါလား၊ အစုံသုပ်၊ ဟင်းလေးအိုးလို့ အထင်တော် ကြီးကြမယ်။ ဘယ်ဟုတ်မလဲဗျာ၊ သိချင်တာရှာလို့ အင်မတန်လွယ်တဲ့ခေတ်ကြီးမှာ အင်တာနက်သာ ကောင်းပါစေ မိနစ်တောင် မဟုတ်ပါ၊ စက္ကန့်ပိုင်သာ ကြာမယ်။ သိချင်တာ အကုန်ရတယ်။

အဲ့ တလွဲကတော့ သွားမယူလေနဲ့။ ဘယ်လိုအရာ ဘယ်မှာက မှန်ကန်မလဲတော့ အကဲဖြတ်တတ်ရမယ်။

တရားတို့၊ အဆုံးအမတို့ရေးတိုင်းလည်း ရေးတဲ့သူမှာ တရားတွေ အသိတွေရှိနေပြီလို့များ မအောက်မေ့လိုက်ကြနဲ့။ မနေ့ကပဲ ရေးသေးတယ်။ သုံးဆောင်ပါဦးလို့ စားကောင်းသောက်ဖွယ်ပုံတင်တဲ့သူက သူများတွေက မစားရပေမယ့်၊ သူကိုယ်တိုင်က စားသုံးနိုင်တယ်။ တရားစကားရေးတဲ့သူ၊ သူကိုယ်တိုင် သုံးဆောင်ရသလား ပြောမရ။

ရှေးတုန်းက တောထွက်ကြတဲ့ ဟိမဝန္တာမှာ အင်တာနက်မရှိပါ။

ဒေါက်တာတင့်ဆွေ
၁ဝ-၆-၂ဝ၁၇

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး