Stroke Treatments ဆထုပ် ကုသနည်းများ

ဆထုပ်ဆိုတာ ဦးနှောက်ဆဲလ်တွေဆီကိုသွားနေတဲ့ သွေးလှည့်ပတ်မှုတနေရာမှာ နည်း သို့ မရတာကိုခေါ်တယ်။ အဲတော့ ဦးနှောက်ကလပ်စည်းတွေမှာ သွေးမရ သွေးမရ အောက်စီဂျင်မရဖြစ်တယ်။ ဆဲလ်တွေ သေကုန်တယ်။ ဆဲလ်တွေက လုပ်ပေးနေတဲ့အလုပ်တွေ သေတယ်။ မိနစ်ပိုင်း စက္ကန့်ပိုင်းသာကြာတယ်။ ဆောရီး။

ဦးနှောက်သွေးကြောတနေရာမှာ သွေးယိုထွက် သို့ ပေါက်ထွက်ရင် ဆထုပ်ရတယ်။ အဲလိုဖြစ်စေတဲ့အကြောင်းခံ ၂ ခု ရှိတယ်။ သွေးတိုးနဲ့ သွေးကြောလေးတွေမှာ Aneurysms အင်ညူရဇင် ခေါ် သွေးကြောဖေါင်းတာကြောင့်ဖြစ်တယ်။ Lupus လူးပတ်စ်လို ရောဂါပြီးစနစ်ကမောက်ကမဖြစ်တဲ့ရောဂါတွေမှာ ဦးနှောက်သွားသွေးကြောတွေကို အားနည်းစေနိုင်တယ်။ ဒါ့အပြင် သွေးကြောထဲမှာ သွေးခဲရှိခြင်းနဲ့ သွေးကြောကျဉ်းခြင်းကနေလည်း အဲလိုဖြစ်နိုင်တယ်။

အဆီ သို့ ကိုလက်စထော နဲ့ တချို့ပစ္စည်းလေးတွေကနေ သွေးလွှတ်ကြောနံရံတွေမှာ Plaque ပလိပ်ခေါ် အလွှာ ဖြစ်စေရာကနေ သွေးလှည့်စနစ်ကို ကျဉ်းစေ ပိတ်စေတဲ့အထိဖြစ်နိုင်တယ်။ အဲလိုဖြစ်လာရင် သွေးကြောကနေ ထောက်ပံ့ပေးနေတဲ့ ဦးနှောက်ဆဲလ်တွေတွေမှာ သွေး (အောက်စီဂျင်) မရဖြစ်လို့ ဆဲတွေသေပြီး ဆထုပ်ဖြစ်တယ်။

ဆထုပ်ဖြစ်ရင် ဆေးကုသမှုရဘို့မှာ ပဌမဆုံးတနာရီကအရေးအကြီးဆုံးဖြစ်တယ်။ ဖြစ်လာတဲ့ရောဂါလက္ခဏာတွေကို သိထားရမယ်။ မြန်တယ်။ သတိလစ်ခြင်း၊ စကားပြောမူမမှန်ခြင်း။ သိပ်မဆိုးတာဖြစ်ရင် စကားပြောနေစဉ် မူမမှန်ဖြစ်တယ်။ ကိုယ်တခြမ်း အားနည်းလာမယ်။

တချို့မှာ မျိုချရခက်တယ်။ စာဖမတ်နိုင်။ မရေးနိုင်။ မျက်စိကြည့်မကောင်း။ Paralysis ကိုယ်တခြမ်းမလှုပ်နိုင်ခြင်းကိုသာ လေဖြတ်တယ်လို့ပြောတာ မပြည့်စုံပါ။ စကားပြောတာ လေးနေမယ်။ နားအကြားအားနည်းလာမယ်။ စိတ်မကြည်မလင် ရှုတ်ထွေးနေမယ်။ ကိုယ်ကို ဘယ်ညာထိန်းနိုင်မှု အားနည်းနေမယ်။ ဆီး ဝမ်းထိန်နိုင်မှု အားနည်းမယ်။ ခေါင်းမူးမယ်။ အာရုံခံစားမှုတွေ အားနည်းမယ်။ ထိတို့မှု ခံစားမှု နည်းမယ်။ အရသာရှိမှု နည်းမယ်။

Stroke Treatments ဘယ်လိုကုသမလဲ

Thrombolytic therapy သွေးခဲကိုကုသနည်း
သွေးခဲကြောင့်ဖြစ်တာသေချာရင် Clot-busting drugs ဆေးတွေသုံးတယ်။ တနာရီအတွင်းပေးနိုင်ရင် အကောင်းဆုံး ဖြစ်တယ်။ နောက်ကျနေလည်း ပေးတယ်။ Blood thinners ခေါ် သွေးကျဲဆေးတွေလည်းပေးတယ်။ Coumadin နဲ့ Aspirin ဆေးတွေသုံးတယ်။ သွေးခဲတာကြောင့်မဟုတ်သူကို အဲလိုဆေးတွေပေးရင် သွေးပိုထွက်စေမယ်။

အရေးပေါ်ကုသမှုနောက်မှာ ပျက်စီးမှုတွေတိုးမလာအောင်လုပ်ပေးရတယ်။ ဦးနှောက်နဲ့ အာရုံကြောဆဲလ်တွေက တခြားဆဲလ်တွေနဲ့ မတူပါ။ သေပြီးရင်အသစ်ပြန်မဖြစ်ပါ။ အသစ်ပြင်လို့လည်းမရပါ။ အမာရွတ်ဖြစ်စဉ်မရှိပါ။

Medication Treatment with Alteplase IV r-tPA
Ischemic strokes ခေါ် သွေးခဲခြင်း သွေးမဝခြင်း ဆထုပ်အတွက် Plasminogen activator (Alteplase IV r-tPA) ဆေး တခုတည်းသာ FDA က အသိအမှတ်ပြုပေးထားတာရှိသေးတယ်။ မြန်မြန်ပေးနိုင်ရင် အသက်ကယ်နိုင်တယ်။ နာတာရှည် ကျန်ရစ်မှာတွေ သက်သာစေမယ်။

Alteplase IV r-tPA ဆေးကို သွေးပြန်ကြောကနေ ထိုးပေးရတယ်။ သွေးခဲကို ပျော်သွားစေမယ်။ ပဌမ ၃ နာရီအတွင်း အကောင်းဆုံးဖြစ်တယ်။ တချို့လူနာတွေကို ၄ နာရီခွဲအထိလည်းထိုးပေးနိုင်တယ်။

Mechanical Treatment to Physically Remove the Clot သွေးခဲကိုဖယ်ရှားပေးနည်း
Thrombectomy လို့ခေါ်တယ်။ Stent retriever ကရိယာသုံးတယ်။ ပေါင်ခြံကသွေးလွှတ်ကြောထဲကို ကသီတာ သေသေးလေး အရင်ထည့်ရတယ်။ စတန့်ကိုဖွင့်ပေးပြီး သွေးခဲကိုဆုပ်ကိုင်ယူရတယ်။ စုပ်ယူနည်းလည်းသုံးတယ်။ ၆ နာရီအတွင်းမှာလုပ်တယ်။ Alteplase ဆေးလည်းပေးထားပြီးဖြစ်မယ်။

Stopping the bleeding in a hemorrhagic stroke သွေးခဲနေတာ ရပ်စေနည်း
Hemorrhagic stroke ခေါ် သွေးကြောပေါက်ထွက်သူအတွက်လုပ်ပေးရတယ်။ သွေးတိုးကြောင့်ဖြစ်တာများတယ်။ Aneurysms ကြောင့်နဲ့ Arteriovenous malformations (AVMs) ကြောင့်ဖြစ်မယ်။ Mechanical Treatment နည်းမှာ ကသီတာလေးသုံးတယ်။ လက်ကဖြစ်ဖြစ် ခြေထောက်ဖြစ်ဖြစ် သွေးလွှတ်ကြောထဲကနေသွင်းတယ်။ ဦးနှောက်အထိ သွားစေမယ်။ ကင်မရာလေးပါတယ်။ ကွေးလို့ကောက်လို့ရတယ်။ Coil ခေါ်အခွေလေးနဲ့ သွေးထွက်နောကို ရပ်စေမယ်။ တချို့တော့ ခွဲစိတ်နည်းလုပ်ပေးရတယ်။

နောက်ထပ် ဆထုပ်မရအောင်ကာကွယ်နည်း
ကျန်းမာအောင် နေထိုင်စားသောက်နည်း အလွန်အရေးကြီးတယ်။ သွေးတိုးထိန်းနေရမယ်။ ဆေးလိပ်မသောက်ရ။ အဆီဓါတ်မများစေရ။ နည်းအောင်လုပ်ပါ။ ကိုယ်အလေးချိန်ထိန်းပါ လျှော့ပါ။ ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ။

1. Ischemic Heart Disease နှလုံးသွေးကြောကျဉ်းရောဂါ http://doctortintswe.blogspot.com/2014/11/ischemic-heart-disease.html
2. Stroke Emergency Treatment ဆထုပ် အရေးပေါ်ကုသခြင်း http://doctortintswe.blogspot.com/2015/12/stroke-emergency-treatment.html
3. Stroke ဦးနှောက်သွေးကြော ဖောင်းပြီးပေါက်ခြင်း http://doctortintswe.blogspot.com/2015/07/stroke.html
4. Stroke ဦးနှောက်သွေးကြောမတော်တဆဖြစ်ခြင်း http://doctortintswe.blogspot.com/2014/11/stroke_22.html
5. Stroke ဦးနှောက်သွေးကြောရောဂါ http://doctortintswe.blogspot.com/2014/10/stroke.html
6. Stroke လေဖြတ်ရင် http://doctortintswe.blogspot.com/2015/04/stroke.html

မြန်မာပြည်သားတွေ ဘယ်မှာနေနေ ဦးနှောက်သွေးကြောရောဂါဘေးက ဝေးကြပါစေ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး