Dos and Don’ts for Common Colds အအေးမိရင် ရောင်ရန်-ဆောင်ရန်များ

ဆရာရှင့် ကျွန်မ အသက် ၃၇ နှစ်ပါ။ မိန်းကလေဖြစ်ပြီး ရာသီပုံမှန်လာပါတယ်။ အိမ်ထောင်မရှိပါ။ အအေးမိ နှာစေးခြင်းအတွက် Amoxicillin 500 mg သောက်တာ တနေ့ သုံးကြိမ်နှုန်းနဲ့ ၂ ကဒ်ရှိပါပြီ။ ချောင်းမဆိုးပါ။ ရာသီဥတုမမှန်တာကြောင့် အခုချိန်ထိမပျောက်ပါ။ ဒီဆေးဆက်သောက်သင့် မသင့်နဲ့ ဒီဆေးများများသုံးခြင်းအားဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေရှိနိုင်တယ်ဆိုတာ ပြောပြပေးစေချင်ပါတယ်။ ကျွန်မ ငယ်ငယ်တည်းက အအေးမိလွယ်ပါတယ်ဆရာ။

၁၉-၁၁-၂ဝ၁၁ နေ့က ဗိုင်းရပ်စ်တမျိုးမျိုး ကူးစက်ခံရတာကို ပဋိဇီဝဆေးသောက်တာဟာ ကောင်းကျိုးထက် ဆိုးကျိုးကို ဖြစ်စေတယ်လို့ အမေရိကန် ရောဂါထိန်းချုပ်ရေး နဲ့ ကာကွယ်ရေးဌာနကနေ သတိပေးလိုက်ပါတယ်။ ၁၈-၁၁-၂ဝ၁၃ နေ့က နှာရည်ယိုနေတာအတွက် ပဋိဇီဝဆေးမသောက်သင့်ကြောင်း အင်္ဂလန်လူထုကျန်းမာရေးနဲ့ တော်ဝင်ကောလိပ်ကနေ သတိပေးလိုက်ပါတယ်။

နှာစေးအအေးမိတာ၊ အများစုလည်ချောင်းနာတာ၊ လေပြွန်ရက်တိုရောင်တာ၊ ဆိုင်းနပ်စ်အများစု၊ နားကိုက်တာ အများစုတွေဟာ ဗိုင်းရပ်စ်ကြောင့်ဖြစ်ကြရတာတွေပါ။ ဒီလိုဖြစ်တာတွေကို ပဋိဇီဝဆေးသုံးရင် ရောဂါ မပျောက်စေပါ၊ တချို့မှာ ရောဂါတိုးမယ်၊ မလိုလားအပ်တဲ့ ဘေးထွက်သက်ရောက်မှုတွေ ရစေမယ်။

ဗိုင်းရပ်စ်ပိုးကူးစက်ခံရရင် အနားယူတာ၊ ရေ-အရည် များများသောက်တာ၊ ဆိုင်တွေပေါ်မှာ အလွယ်ဝယ်လို့ရတဲ့ ရောဂါလက္ခဏာ သက်သာဆေးတွေကိုသာ သုံးစွဲတာတွေကို လုပ်ဘို့ သင့်ပါတယ်။ အအေးမိတာ၊ အသက်ရှူလမ်းကြောင်း အထက်ပိုင်းပိုးဝင်တာ၊ နားကိုက်တာ၊ စတာတေါဟာ ဗက်တီးရီးယားကြောင့် ဖြစ်ကြရတာ မဟုတ်ပါ။ ပဋိဇီဝဆေးတွေဟာ (ဗိုင်းရပ်စ်) တွေကို မနိုင်ပါ။ မလိုဘဲသုံးတော့ ဆေးဘိုလဲ အပိုကုန်မယ်၊ နောင်မှာ တကယ်လိုလို့ ဆေးသုံးရရင် ဆေးမတိုးတော့တာဖြစ်စေတယ်။ အဲလိုသာဖြစ်ရင် ဆေးအဆန်းတွေ သုံးရတော့မယ်။ ရက်လဲရှည်မယ်။ ဈေးလဲကြီးတယ်။ အသက်ကိုရန်ရှာနိုင်လောက်တဲ့ (ဗက်တီးရီးယား) ပိုးဝင်တာအတွက် ပဋိဇီဝဆေးတွေက အတော်ကောင်းပါတယ်။ ဒါပေမဲ့ ဆေးမတိုးတာဟာ တကယ့် ကျန်းမာရေး ပြဿနာကြီး ဖြစ်ပါတယ်။

ဗီတာမင် (စီ) နဲ့ (ဒီ) များများသောက်ရင် ပိုကောင်းမယ်လို့ထင်မှတ်ထားကြတယ်။ အမှန်က ၃% ထက် ပိုမကောင်းပါ။ ပိုပြီးထိရောက်တာက ဇင့် (သွပ်) ဓါတ်ဖြစ်တယ်။ Zinc lozenges ငုံဆေးဝယ်လို့ရတယ်။ အရက်ပိုသောက်ရင် အအေးမိတာပိုကောင်းမယ်လို့ယူဆထားတယ်။ မဟုတ်ပါ။

ပျားရည်တဇွန်း ညအိပ်ခါနီးသောက်ပါ။ ချောင်းဆိုးပျောက်ဆေးထက် ပိုထိရောက်တယ်။ တခြား ဟာဗယ်ဆေးတွေ (ချင်းရည်-ချင်းပြုတ်ရည်) တွေက သုတေသနအရမထူးပါ။

ပဋိဇီဝဆေးတွေ မသောက်ပါနဲ့။ အကိုက်အခဲ-အဖျား-အရောင်ကျဆေး (Paracetamol/Ibuprofen) ဖြစ်ဖြစ် အအေးမိဆေး (Cold tablet/Sneeza/Coricidin) ဖြစ်ဖြစ်သာ သောက်ပါ။ Hand Sanitizers ခေါ်တဲ့ လက်ဆေး ဆေးရည်သုံးပါ။ ပိုးမွှားတွေ သန့်ရှင်းပေးတယ်။ ဆရာဝန်တွေလဲ လူနာစမ်းသပ်ပြီးတိုင်း သုံးကြတယ်။ ကောင်းပါတယ်။ (တစ်ရှူး) သုံးရင်လဲ စနစ်တကျစွန့်ပစ်ရတယ်။

ဓါတ်ပုံထဲပါအအေးမိနေသူ ချောင်းဆိုးနေပုံဟာ သူများတိုင်းပြည်တွေမှာ လုပ်တဲ့အကျင့်ဖြစ်တယ်။ တတောင်ဆစ်ထဲမှာ ပါးစပ်ထားရင်းသာ ချောင်းဆိုးကြတယ်။ လက်ဝါးနဲ့ပိတ်ပြီး ချောင်းမဆိုးကြပါ။ လူတွေ့ရင် လက်ဆွဲနှုတ်ဆက်လေ့ရှိတဲ့ ယဉ်ကျေးမှုအရ လက်ဝါးကို တတ်နိုင်သမျှ အသန့်ထားကြတယ်။ လက်ဆွဲနှုတ်ဆက်တာမလုပ်သူတွေလည်း လက်ကို ကလေးထိန်းတာ၊ စားသောက်စရာတွေစားတာ၊ ချက်ပြုတ်တာ၊ ကိုယ့်မျက်နှာစတဲ့နေရာတွေကို ကိုင်တွယ်တာတွေ လုပ်ရလို့ ဒီနည်းကို အတုခိုးသင့်ကြပါတယ်။

နွေးနွေးထွေးထွေးနေပါ။ တိုက်ရိုက်ရတဲ့နေရာင်ခြည်ကောင်းတယ်။ ရေသောက် မနည်းစေနဲ့။ ရေနွေး၊ ရေနွေးကြမ်း ကောင်းတယ်။

http://doctortintswe.blogspot.com/2015/12/common-cold-in-children.html
Dos and don’ts for common colds အအေးမိရင် ရောင်ရန်-ဆောင်ရန်များ
https://www.facebook.com/profile.php?id=100010441749295
Healthy culture ချောင်းဆိုး-လက်ဆေး ယဉ်ကျေးမှု http://doctortintswe.blogspot.com/2015/06/healthy-culture_18.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး