Chances of passing G6PD on to kids

ဆရာ ကျွန်မ သားဦးက မိန်းခလေးပါ။ သူကတော့ မွေးကတည်းက ခုထိ G6PD လက္ခဏာမပြပါ။ ဒုတိယကလေးက ယောက်ျားလေးပါ။ သူကတော့မွေးကတည်းက G6PD လက္ခဏာတွေ့ရှိပါတယ်။ ကလေးဆရာဝန် ကတော့ အမေ B သွေး၊ အဖေက O သွေးဆိုရင် မွေးလာတဲ့ ယောာက်ကျားလေးဆိုရင်ဖြစ်တယ်။ မိန်းခလေးဆိုရင် ဖြစ်နိုင်ခြေနည်းတယ်လို့ ပြောပါတယ်။ သားက % နည်းတယ်လို့တော့ပြောပါတယ်။ သူက မကြာခဏဖျားတတ်ပါတယ်။ ဆရာဝန်တွေက paracetamol အရည်ဘဲပေးပါတယ်။ သူလဲ ဘာမှတော့မဖြစ်ပါ။ ဆက်လက်တိုက်ကျွေးသင့်ပါသလား ဆရာ။ နောက်တစ်ခုက သမီးဦးကိုလဲ G6PD ရှိမရှိ စစ်ဆေးသင့်ပါသလား။ ကျေးဇူးပြုပြီးဖြေပေးပါ။ အခုလို ကျန်းမာရေး ဗဟုသုတတွေတင်ပေးတဲ့ဆရာ့ကို ကျေးဇေူးအထူးတင်ပါတယ်ရှင်။

May Pyi - Sayar I am normal and my husband has G6PD deficient. Now our first child, son has G6PD deficient. It's not consistent with theory. Is this also ok? Thank you so much.

မွေးလာမယ့်ကလေးတွေမှာ G6PD ဘယ်နှစ်ယောက်ပါလာနိုင်သလည်း
(က) ဖခင် (ဘာမှမရှိ) + မိခင် (G6PD သယ်ဆောင်သူ)။
• သမီး ၂ ယောက်ထဲက ၁ ယောက်မှာ G6PD သယ်ဆောင်သူဖြစ်မယ်။
• သား ၂ ယောက်ထဲက ၁ ယောက်မှာ G6PD ပါလာမယ်။

(ခ) ဖခင် (G6PD ရှိသူ) + မိခင် (ဘာမှမရှိသူ)
• သမီးအားလုံး G6PD သယ်ဆောင်သူ။
• သားအားလုံးမှာ ဘာမှမရှိ။

(ဂ) ဖခင် (G6PD ပါသူ) + မိခင် (G6PD သယ်ဆောင်သူ)
• သမီး ၂ ယောက်ထဲက ၁ ယောက်မှာ G6PD ပါသူ။
• သမီး ၂ ယောက်ထဲက ၁ ယောက်မှာ G6PD သယ်ဆောင်သူ။
• သား ၂ ယောက်ထဲက ၁ ယောက်မှာ G6PD ရှိသူ။
• သား ၂ ယောက်ထဲက ၁ ယောက်မှာ ဘာမှမရှိ။

(ဃ) ဖခင် (ဘာမှမရှိ) + မိခင် G6PD ရှိသူ။
• သမီးအားလုံး G6PD သယ်ဆောင်သူ။
• သားအားလုံး G6PD ရှိသူ။

(င) ဖခင် (G6PD ရှိသူ)+ မိခင် (G6PD ရှိသူ)
• သမီးအားလုံး G6PD ရှိသူ။
• သားအားလုံး G6PD ရှိသူ။

Dr. တင့်ဆွေ
၂၅-၅-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး