Bad Black Pill ဆိုးတဲ့ ဆေးနက်

၁။ ဆရာကိုယ်ဝန်ဖျက်မိလို့အဖျားကျအောင်ဘာဆေးသောက်ရမလဲ Misoprostol ဆေးနက်သောက်မိတာပါ

ဖျက်နည်း မဖြေပါ။ ဘလော့မှာတော့ ဖတ်နိုင်။

၂။ ဆရာ မနက်အိပ်ယာထ ခြေဖဝါးနှစ်ဖက်ကြမ်းကိုနင်းရင်ကျိန်းပါသည် ဘာဆေးသောက်ရမှာပါလဲ ဘာဓာတ် ချို့တဲ့နေတာဘာလဲဆရာ ပြောပြပေးပါ

အသက် မသိ။ ကျား-မ မသိ။ မေးနည်း ပို့လိုက်တယ်။

အသက်က ၄၃နှစ်ပါ မပါ ဖြစ်တာကတော့ ၃လ ၄လလောက်ဘဲရှိသေးပါတယ် မနက်အိပ်ယာထတုန်းဘဲ ကျင်သလို နာသလိုပါ တနေကုန်တော့လမ်းလျောက်လို့ရပါတယ် အားဆေးကတော့ ဝမှာဆိုးလို့သောက်ခဲပါတယ်ဆရာ

အချက်အလက် မစုံ။ ထပ်ဖြေရန်မရှိ။

မေးခွန်းတွေကို အဲသည်အတိုင်းသာ ဖြေလိုက်တယ်။ ပဌမမေးခွန်းမှာ ဆေးနက် ဆိုတာ မှားနေတယ်။ အဲဒီဆေးအရောင်က မည်းနက်မနေပါ။ ဆေးနဲ့ (ဆေးနှင့်၊ ဆေးဖြင့်) လို့ ရေးရတယ်။

ဒုတိယမေးခွန်းမှာ ဝမှာဆိုးလို့ ကမှားနေတယ်။ ဝမှာစိုးလို့ လို့ရေးရတယ်။ ဆိုးဆိုးဝါးဝါး ဝသွားမှာကို စိုးရိမ်တယ်။

ဒေါက်တာတင့်ဆွေ
၇-၁၂-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး