တွောင်း

ခေါင်းစဉ်ကို သဘောပေါက်တဲ့သူ အတော်ကို နည်းမယ်ထင်တယ်။ ကျွန်တော်နဲ့ တူတယ်။ စကားထာဝှက်သလို ပန်းမပေးခင်၊ အမြွက်ပေးပါမယ်။ မြို့တမြို့အမည်။

တက္ကသိုလ်မောင်မောင်ကြီးရေးတဲ့ဆောင်းပါးတပုဒ်ဖတ်မှ သုတရတာပါ။ တောင်တွင်း တဲ့။

တောင်တွင်းကြီးဆိုတာ အထင်ကရမြို့ဖြစ်တယ်။ အင်းဝခေတ်မှာ ပေလေးပင် ရှင်လေးပါးပေါ်ထွန်းခဲ့ပါတယ်။ နောက်လူတွေကလည်း မခေပါ။ စာလုံးပေါင်းကို ချုံးထားတာတဲ့။ ဟိုအရင်က ခရီးသည်စီးကားတွေမှာ အဲလိုရေးပါသတဲ့။

အရင်က စာရေးတဲ့အခါ အဆင့်တွေ အထပ်တွေရေးနည်းလုပ်ခဲ့ကြတယ်။ သ္ခင်၊ ယ္ခင်၊ ထ္မင်း။ တချို့ မရေးကြတော့ပါ။ စာလုံးတချို့ကတော့ အခုထိ စံကိုက်သတ်ပုံအဖြစ်ကျန်ပါတယ်။ အိန္ဒိယ၊ ကမ္ဘောဒီးယား။

စာလုံးပေါင်းချုံးရေးနည်းလည်းရှိခဲ့ပါတယ်။ မြောက် ကို မြောံ။ ပျောက် ကို ပျောံ။ မရေးကြတော့ပါ။ အဲလိုပြောင်းလဲခြင်းကသာ ခေတ်အရ ပြောင်းခြင်းမည်ပါတယ်။ တ ကို တစ်ခိုင်းတာက ပလီတာ။ ခေတ်အရ ပြောင်းခြင်းဆိုတာ ပိုပြီး လွယ်ကူ ရှင်းလင်းအောင် ရေးသားနည်းသာဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး