ခရီးသည် ဘယ်မှာအိပ်ရှာလိမ့် မိုးရိပ်ကဆွယ်

တစိုက်စိုက်ကယ်နှင့် တောတဝိုက် တောင်သွယ်သွယ်။ သပိတ်ကိုယ်မှာလွယ်၍ ခရီးသည် ဘယ်မှာအိပ်ရှာလိမ့်၊ မိုးရိပ်ကဆွယ်။

ကျားဆင် ဝက်ဝံများပေါသည့် တောင်တန်းဒေသတခွင်သို့ တပါတည်း ဒုက္ခမျိုးစုံကို ရင်ဆိုင်ကျော်လွှား သာသနာပြုသွားခဲ့သည့် မူလသာသနာပြု ပုဂ္ဂိုလ်တဦး၏ အတွေ့အကြုံများ။

ဗြဟ္မပုတ္တရ မြစ်ကမ်းပါးတွင် နေပူစာလှုံနေလေ့ရှိသော မြွေနဂါးကြီးများ။

ညအခါ၌ ကောင်းကင်ပျံ ဆင်ဖြူများက လာရောက်၍ ကန်တော့ ဝတ်ပြုခြင်းကိုခံရသော အာသံသာသနာပြု ပယင်းတွင်း ဆရာတော်ဘုရားကြီးအကြောင်း။

ဝေးလံသီခေါင်သော နာဂတောင်တန်းတခွင်၌ ဆင်းရဲဒုက္ခခံလျက် ဗုဒ္ဓမြတ်စွာ သာသနာရောင် ထွန်းပြောင်ထိန်လင်းအောင် ကြိုးပန်းနေရှာကြသည့် ပုဂ္ဂိုလ်မွန်များ။

ဗမာဘုန်းကြီး လာခဲ့ပါဟု တစာစာ တမ်းတခေါ်ဝေါ်နေကြရှာသော ချင်းတောင်တန်းမှ တိုင်းရင်းသား ညီအကိုများ၏ ရင်နင့်စရာ ဘဝအဖုံဖုံ။

ဤသို့ လူသိနည်းလှသော ဖြစ်ရပ်အထွေထွေကို ဤစာအုပ်၌ တွေ့ကြရ ဖတ်ကြရပါမည်။ တိုင်းရင်းသား တောင်တန်းသားတို့၏ ရင်နင့်စရာ ဘဝမျိုးစုံကိုလည်း တွေ့ကြရမည်။

တချိန်က သတ်ပုံလည်းမှန်အောင်ရေးပြီး သာသနာ့ဝန်ကိုလည်း မှန်ကန်စွာ ထမ်းဆောင်ခဲ့ဘူးကြောင်း သက်သေပြ စာအုပ်တအုပ် ဖြစ်ပါတယ်။ သာသနာမှန် မြန်မာစာမှန်ခေတ်ကို ပြန်ရောက်ပါစေသတည်း။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး