အသစ်မြင် ဗမာသမိုင်း

သတ်ပုံမရေးရရင် အိပ်ပျော်မှာမဟုတ်။ အခုပဲလက်ထဲရောက်လာတဲ့စာအုပ်။ ဒေါက်တာသန်းထွန်းရေးပြီး ၁၉၇၅ ခုနှစ် စက်တင်္ဘာလထုတ် အသစ်မြင် ဗမာသမိုင်း ဘုတ်အုပ်။

ဆရာသန်းထွန်းက စကားပြောကို ပီပီပြင်ပြင်ရေးတဲ့သူ။ တစ်လုပ်စရာမလိုတာ မှန်သမျှ တလို့သာရေးတယ်။ ပြီလို့ ကျွန်တော်အပါအဝင် ရေးနေကြတာကို ပီလို့ရေးတယ်။ ဖြည့်ကို ဖြေ့လို့သာရေးတယ်။ ပုဂံကို ပုကံလို့သာ ရေးတယ်။

ကျွန်တော့်မူက အရင်ဆရာတော်တွေ၊ စာဆိုတော်တွေ၊ စာရေးဆရာတွေ ရေးသားစီရင်ခဲ့တာတွေကို မူရင်းသတ်ပုံတွေ အတိုင်းသာ ထုတ်ဝေသင့်တယ်။ ကိုယ်လိုရာသတ်ပုံတွေနဲ့ ပြင်ထုတ်ပြီး ပိုက်ဆံလုပ်တာတွေကို ဆန့်ကျင် ကန့်ကွက် ယှုတ်ချတယ်။ ကျွန်တော်ကတော့ ဝယ်မဖတ်ဗျာ။ လက်ဆောင်လည်း မပေးကြပါနဲ့။
ကြာရင် မြန်မာအစ တစ်ကောင်းဃ ဖြစ်တော့မယ်။

ဒေါက်တာတင့်ဆွေ
၂-၁၂-၂ဝ၁၆
၂-၁၂-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး