မုန့်ပေါင်း

မိတ်ဆွေတယောက် ရေးထားတာတွေ့တယ်။ ငချိပ်မုန့်ပေါင်း ညနေစောင်းမှာ ဆီလောင်းဆားလူး ပဲပေါင်းဖြူးပြီး ဘူးသီးကြော်တွဲ ရေနွေးပွဲနှင့် ဗိုက်ထဲပြည့်အောင် စားလိုက်ချင် တဲ့။

ကျွန်တော်လည်း တနှစ်တိတိလောက်က ရေးထားတယ်။

မုန့်ပေါင်းစားကြသူများ

စစ်ကိုင်းမှာ မုန့်ပေါင်းပွဲတဲ့။ မုန့်ပေါင်း မမြင်ရ မစားရတာ အတော်ကြာပြီ။ အိမ်ရှင်မကတော့ သူငယ်ငယ်ကစားရတဲ့ ဘုတလင်မုန့်ပေါင်းအကြောင်း ပြောနေတယ်။ ကျွန်တော့ခေါင်းထဲမှာတော့ မန္တလေး လမ်းဘေးက မုန့်ပေါင်းကို သတိရနေတယ်။ ဆားလင်းကြီးက မုန့်ပေါင်းရော ထန်းပင်မြစ်ပါ နာမည်ကြီးတယ်။

ဒေလီမှာနေစဉ်က ရေးမိတယ်။ မုန့်ပေါင်း လုပ်ရောင်းသူမရှိ လို့။ အမေရိကမှာလည်း မုန့်ပေါင်း စားရကောင်းမှန်းသိသူ နည်းလှ၏။

မုန့်ပေါင်းစားသူတွေ နေကောင်းကြပါစေ။

ဒေါက်တာတင့်ဆွေ
၂-၁၂-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး