သတ်ပုံ ကွန်မင့်များ

၁။ ဆရာခင်ဗျား အရံမီးသတ် အရန်မီးသတ် ဘယ်စာသားအမှန်ဆိုတာ တင်ပြပေးစေချင်ပါတယ်။

ရန် နဲ့ ရံ ကို ရှင်းပြပေးပါဦးဆရာ https://doctortintswe.blogspot.com/2017/09/blog-post_19.html

၂။ ရေးတော့ တုတ်ထိုး ဖတ်တော့ ဒုတ်ထိုး ထင်ရဲ့

ဟုတ်တယ်။ အဲတာမျိုးက ရေးတော့ အမှန်၊ ဖတ်တော့ အသံထုံးနဲ့ ညီတယ်။ တစ်ခါတစ်ရံလို့ရေးတာကို တခါတရံ အသံထွက်ခိုင်းတာ မှားတယ်။ မျက်စိမှတ်ပြီး ဇွတ်အတင်းခိုင်းနေကြတာ မှားတယ်။

၃။ ငယ်ငယ်မှတ်မိနေ ၇၈လမ်း ၇၉ကြား ၃၅လမ်း ဦးချို ရွှေပန်းတိမ်မှာ ဘတ်ကြိုးတကုန်းလုပ်တာ ၄၀၀ဈေး အဲ့ဒီခေတ်ကလေးတွေ ရွှေဆိုရင်ဒီဇိုင်းစုံ ဝတ်ဘူးကြတယ် ပျောက်သွားရင်လည်း မရိုက်ခံရဘူး။

တကုံးလို့ ရေးရတယ်။

တကုံးတက်၍ တတောင်ကိုကျော် တပင်မှာနားသော့့် တွံတွေးသိန်းတန်သီချင်းကိုလည်း တစ်တွေနဲ့ တစ်တစ်ခွခွ ဆိုကြည့်ပါလား။

တဆင်းတက်သော် တတောင်ကျော်၊ တမှော်ငုပ်လျှိုး တချုံတိုး။ တမိုးသောက်လျှင် တနေဝင်၊ တပင်မြိုင်ကြီး ဂနိုင်ဆီး။

ပခန်းမင်းသားကြီးရေးသားသော တောင်လာပတ်ပျိုးလတ်ကို တစ်တွေနဲ့ တစ်တစ်ခွခွဆိုကြည့်ပါလား။

အောင်မြေသာစံ ပတ်ပျိုး ဆို ပန်တျာကြည်လင် https://drive.google.com/file/d/0B75PbDPPXc1AbWJER0NfZWpBN2M/view

ဒေါက်တာတင့်ဆွေ
၅-၁၂-၂၀၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး