Global Hornbill International Film Festival

အိန္ဒိယရုပ်ရှင်ပွဲတော်မှာ မြန်မာနိုင်ငံမှ ရုပ်ရှင်ဇာတ်ကားတိုများ ပြသရန် ဖိတ်ခေါ်ခံရ

Global Hornbill International Film Festival 2018 မှာ မြန်မာနိုင်ငံက ရုပ်ရှင် ၁၂ ကားကို လာရောက်ပြသဘို့ ဖိတ်ထားပါသတဲ့။ ဒါရိုက်တာ အောင်မြင့်မြတ်ချိုရဲ့ Traces ၊ ဒါရိုက်တာ ကိုဂျက်ရဲ့ Supposes ၊ ဒါရိုက်တာ M နိုးရဲ့ Insomniacs ၊ ဒါရိုက်တာလဲ့လဲ့အေးရဲ့ My Mother is Single ၊ ဒါရိုက်တာမိုင်းအိုက်နွေရဲ့ Buffalo Boy ၊ ဒါရိုက်တာ ကောင်းမြတ်သူကျော်နှင့် မြတ်အိမွန်တို့ရဲ့ Buffalo Boat ၊ ဒါရိုက်တာ မိုမို (ရူပါ) နှင့် မေရီဆယဲတို့ရဲ့ Woman With A Gun ၊ ဒါရိုက်တာဉာဏ်ကျယ်စေရဲ့ My life I don’t want ၊ ဒါရိုက်တာမိုးစက်စငြိမ်းချမ်းသာရဲ့ 528 ၊ ဒါရိုက်တာကောင်းဆင့်ရဲ့ Home ၊ ဒါရိုက်တာဝဏ္ဏကျော်နှင့် Barry Pousman တို့ရဲ့ My Hidden City၊ ဒါရိုက်တာ အာခီးချယ်ရဲ့ Better Late Than Never စတဲ့ ရုပ်ရှင်ဇာတ်ကားတိုများပဲ ဖြစ်ပါတယ်။

သတင်းတင်တဲ့ ဧရာဝတီမှာရေးတာ နည်းနည်းမှားနေတယ်။ အိန္ဒိယနိုင်ငံ အရှေ့တောင်ပိုင်း Nagaland ပြည်နယ်ရဲ့ မြို့တော် Kohima မှာလို့ရေးထားတယ်။ အရှေ့မြောက်ဖြစ်ပါတယ်။

Hornbill ဆိုတာ ချင်းလူမျိုးတွေရဲ့ အမျိုးသားငှက်။ အောက်ချင်းငှက်ခေါ်တယ်။ နာဂတွေကလည်း အမြတ်တနိုး ထားတယ်။ အင်ဒိုနီးရှားမှာလည်း တွေ့ခဲ့တယ်။

ဒါရိုက်တယောက်ဖြစ်တဲ့ ကိုဂျက်က ညောင်ကန်သား။ ဒေါ်မြမြအေးရဲ့တူ။ ကျွန်တော်ကတော့ အနုသုခုမမှာ အတော်ညံ့တယ်။

ကိုဟီးမားမြို့က နာဂလန်းပြည်နယ်မြို့တော်။ လှတယ်။ လူတွေကလည်း ခင်စရာကောင်းတယ်။ ကျွန်တော်တို့လို မွန်ဂိုလွိုက်လူမျိုး။ အဲဒီကို မကြာခဏ ရောက်ခဲ့တယ်။ မိတ်ဆွေကောင်းနေရှိတယ်။ ကိုဟီးမားနဲ့ ဒင်မာပူမြို့မှာ မြန်မာပြည်က နာဂတွေလည်းရှိတယ်။ သတိရတယ်။

ဒေါက်တာတင့်ဆွေ
၁-၁၂-၂၀၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး