Miss Brain မပျော့စိခင်မြာ နှစ်ခါနာ

ခေါင်းကို ထိခိုက်မယ်ဆိုရင် ဆိုပါစို့ နဖူးရှေ့ကနေထိခိုက်မိမယ်။ အမာစား ဦခေါင်းအခွံထဲက အပျော့စားဦးနှောက်ဟာ နဖူးနေရာမှာ တချက်နာမယ်။ နောက်တခါ ဦးနှောက်ကို နောက်ဖက်ဆီ ရွေ့စေရာကနေ နောက်စေ့ဖက်က ခံနေတဲ့ အမာစားဦးခေါင်းခွံ့နဲ့ ဒုတိယမိ တခါထပ်ညားလို့ မပျော့စိခင်မြာ နှစ်ခါနာဖြစ်ရရှာတယ်။

ရှေ့ဘက်ကရော နောက်ဘက်မှာပါ ဘယ်လောက်အထိ ဦးနှောက်ကို ထိခိုက်သလဲအရ ရောဂါလက္ခဏာတွေ ဖြစ်လာမယ်။ တဘက်ဘက်ကနေ ထိခိုက်ရင်လည်း အလားတူသဘောဖြစ်စေနိုင်တယ်။

ထိခိုက်မှုဆိုတာ အမျိုးမျိုး။ ရောင်မယ်။ စုတ်ပြဲမယ်။ သွေးထွက်မယ်။ ကျေမွမယ်။ ပျက်စီးသွားမယ်။

ရောဂါလက္ခဏာတွေဆိုတာ သာမန်လောက်နဲ့ ခဏသာဖြစ်တာနဲ့ နာတာရှည် ဒုက္ခိတအဆင့်ထိရှိနိုင်တယ်။ အသက်ဆုံးပါးတာလည်း ရှိနိုင်တယ်။ ဆောရီး။

• Concussion ဦးခေါင်းခိုက်မိခြင်း ကွန်ကားရှင်း https://doctortintswe.blogspot.com/2017/01/concussion.html
• Head injury First Aid ဦးခေါင်းဒဏ်ရာ ရှေးဦးသူနာပြုစုခြင်း https://doctortintswe.blogspot.com/2015/07/head-injury-first-aid.html
• Head injury ခေါင်းကိုထိခိုက်မိရင် မပေါ့ရပါ http://doctortintswe.blogspot.com/2015/07/head-injury-first-aid.html
• Miss Brain မပျော့စိခင်မြာ နှစ်ခါနာ https://doctortintswe.blogspot.com/2015/12/miss-brain.html

Dr. တင့်ဆွေ
၇-၁၂-၁၀၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး