Again I am here to talk at Marian University

ကနေ့ ဒုတိယအကြိမ် အမေရိကန်ပြည်ထောင်စု၊ အင်ဒီယာနာပလစ်မြို့က (မာရီယန်) တက္ကသိုလ်မှာ စကားသွားပြောရပါတယ်။

ဒေါက်တာတင့်ဆွေ
၂၂-၉-၂ဝ၁၆

A Karenni student at Marian University

ကနေ့ အမေရိကန်ပြည်ထောင်စု၊ အင်ဒီယာနာပလစ်မြို့က (မာရီယန်) တက္ကသိုလ်မှာ ဒုတိယအကြိမ် စကားသွားပြောတော့ အဲဒီမှာစာသင်နေတဲ့ မြန်မာပြည်က ကရင်နီ (ကယား၊ ပဒေါင်) ကျောင်းသူတယောက်နဲ့ တွေ့ပါတယ်။ နှစ်ယောက်လုံး ဝမ်းသာအားရ နှုတ်ဆက်ကြ၊ စကားပြောကြရတယ်။

သူ့ပါမောက္ခရှေ့မှာ မြန်မာပြည်မှာက တိုင်းရင်းသားလူမျိုးစုတွေအပေါ် စစ်သားတွေကပြုမူတာမှန်သမျှ ဗမာလူမျိုးကလို့လုပ်တာလို့ (မစ် ပါဆက်ပရှင်း) အထင်မှားနေကြကြောင်း ကရင်နီကျောင်းသူလေးက ပြောပြတယ်။ ကျွန်တော် ဟိုအရင် ဘယ်လ်ဂျီယန်ကို ရောက်ခဲ့စဉ်က အသက်အရွယ်ကြီးတဲ့ ကရင်လူကြီးတဦးကနေ ညစာကျွေးတဲ့ အိမ်ရှင် အင်္ဂလိပ် လင်မယားရှေ့မှာ အင်္ဂလိပ်တွေကောင်းကြောင်းနဲ့ ဗမာတွေမကောင်းကြောင်း သူ့အတွေ့အကြုံကိုအခြေခံပြီး ပြောတာကို နားထောင်ခဲ့ရပါတယ်။

လူငယ်မျိုးဆက်တွေက ကျွန်တော်တို့လို လူကြီးတွေထက် အပြန်အလှန်နားလည်မှုတွေရှိတာ တိုင်းပြည်အနာဂတ်အတွက် အားတက်စရာ အလွန်ကောင်းပါတယ်။

ဒေါက်တာတင့်ဆွေ
၂၂-၉-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး