Two years နှစ်နှစ်ကြီး နှစ်နှစ်ငယ်

နှစ်နှစ်ကြီး နှစ်နှစ်ငယ်ဆိုတာ ငယ်ငယ်လေးကတည်းက အိမ်မှာပြောနေကျ။ ကျွန်တော်တို့ ညီအကိုမောင်နှမတွေ အားလုံးက နှစ်နှစ်ကြီး နှစ်နှစ်ငယ်တွေ။

နိုင်ငံရေးထဲရောက်တော့လည်း နှစ်နှစ်ကြီး နှစ်နှစ်ငယ်တွေနဲ့ ရေစက်ဆုံတယ်။ ၁၉၈၈ ကျောင်းသားတွေက ကျွန်တော်တို့ ၁၉၉ဝ သမားတွေထက် နှစ်နှစ်ကြီးကြတယ်။

ကျွန်တော်လုပ်ရတဲ့ စင်ပြိုင်အစိုးရဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့က နှစ်နှစ်ကြီး နှစ်နှစ်ငယ်တွေ။ ဒေါ်စုနဲ့က ကျွန်တော့်ထက် နှစ်နှစ်ကြီးတယ်။ မတန်ရာခိုင်းနှိုင်းတယ်တော့မထင်ပါနဲ့။ ဒေါ်စုမွေးနေ့ကို တကမ္ဘာလုံးကသိတော့ ကျွန်တော့အသက်ပါ မှတ်ရတာလွယ်လို့ပါ။

ကျွန်တော် ယူအက်စ်အေကိုရောက်တာ ၂နှစ်ရှိလို့ ဒေလီ ယမုန်နာဆေးခန်းလေးမှာ ကျွန်တော့်လက်နဲ့ နောက်ဆုံး မွေးပေးခဲ့တဲ့ ကိုယ်ဝန်ဆောင်နံပတ် (၃၄၉) ရဲ့ကလေးလည်း ၂ နှစ်သားရှိပြီ။
349. Lydia Lal Lawn Mawi, 20 F, Jeramiah Ngun Lian Thuan, Aslatpur, 1, 0+0, 30-8-14, 10:15 AM, M, EPI, Repair

နှစ်နှစ်သားကလေး၊ နှစ်နှစ်ကြီးသူနဲ့ နှစ်နှစ်ကြီးသူထက် နှစ်နှစ်ကြီးပါ ကျန်းမာချမ်းသာကြပါစေ။

ဓါတ်ပုံထဲမှာ ရှေ့ဆုံးတန်း = ဒေါ်စီစီသော်၊ လပြည့်စိန်ဝင်း (ဒေါက်တာစိန်ဝင်း + ဒေါ်စီစီသော်သမီး)၊ ဒေါ်အောင်ဆန်းစုကြည်၊ ဒေါက်တာစိန်ဝင်း။

ဒေါက်တာတင့်ဆွေ
၁၅-၉-၂ဝ၁၆
Photo by Zaw Win

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး