Protocol သူ့တာဝန်နဲ့သူ

ကျွန်တော့်ပို့စ်တခု = Two years နှစ်နှစ်ကြီး နှစ်နှစ်ငယ်

ကွန်မင့်တခု = Nay Min Thihathu တွေ့ဖြစ်ပါသလား ဆရာ

Tint Swe မသွားပါ။

ကွန်မင့်တခု = Than Htut ဘာလို့ပါလဲခင်ဗျာ။ သိခွင့်ရှိမလား။

Tint Swe အစိုးရသစ်တက်ကတည်းက ဒေါ်စုမှာ တရားဝင်တာဝန်ရှိလာပြီ။ စည်းရုံးရေးခရီးမဟုတ်တော့ပဲ ရုံးသဘောအတွက်သာ သွားရလာရတော့တယ်။ ကျွန်တော့်မှာ အစိုးရသစ်နဲ့ဆိုင်တဲ့ ရုံးလုပ်ငန်းတာဝန်မရှိပါ။ လူမှုရေးသဘောအရ လာကြသူတိုင်းကို ပြန်ပြီးနှုတ်ဆက်ရလို့ ဒေါ်စုမှာ အချိန်ရော ကျန်းမာရေးပါ အတော်ကုန်မယ်။ ပင်ပန်းမယ်။ ကျွန်တော့်မှာ ဒေါ်စုနဲ့ အစိုးရသစ်လုပ်ဆောင်နေတာတွေကို တတ်နိုင်တာနဲ့ ထောက်ကူ အားပေးဘို့သာ တာဝန်ရှိပါတယ်။

ကွန်မင့်တခု = Than Htut ကျေးဇူးပါဆရာ။ မှတ်တမ်းလေးယူထားပါရစေ။ နောင်တချိန်မှာ ငြင်းခုန်စရာလေးတွေများ ဖြစ်လာမလားလို့ စိုးရိမ်မိလို့ပါ။ ဆရာ့စိတ်ဓာတ်ကိုလေးစားပါတယ်။ ဆရာနဲ့ ဆရာ့မိသားစု ကျန်းမာပျော်ရွှင်ပါစေဆရာ။

၁၆-၁၁-၂ဝ၁၂ နေ့မှာ ဒေါ်အောင်ဆန်းစုကြည် နယူးဒေလီမှာ မြန်မာအသိုင်းအဝိုင်းနဲ့ တွေ့တဲ့အခါ အရင်ဆုံး သူရတဲ့ ဆုငွေထဲကနေထူထောင်ထားတဲ့ Prospect Burma School ကျောင်းကိုအရင်လာပါတယ်။ ကျွန်တော်က ကျောင်းကောင်စီဥက္ကဋ္ဌတာဝန်ရှိလို့ အစစစီစဉ်ရပါတယ်။

ကျောင်းအကြောင်းပြောတော့လည်း အနားမှာထိုင်ပြောရတယ်။ အဲဒီရက်တွေက ကချင်ဒေသမှာတိုက်ပွဲတွေဖြစ်နေတယ်။ ကချင်ကိစ္စမှာ ဒေါ်စုက ဘာမှမပြောဘူးအထင်နဲ့ ကချင်လူမျိုးတချို့က မကျေနပ်လို့ ဒေါ်စုနဲ့ မြန်မာကွန်မြူနတီတွေ့တဲ့ပွဲကို ဒေလီရောက်ကချင်တွေက သပိမှောက်တဲ့သတင်းကို ဒေါ်စုကကြားထားနှင့်တယ်။ အဲဒီကျောင်းကနေ နောက်တနေရာ အကူးမှာ အနီးဆုံးမှာရှိတဲ့ ကျွန်တော့်လက်ကိုဆုပ်ကိုင်ရင် ကျမကို ကချင်တွေက ဆန္ဒပြကြတယ်လို့ ကြားတယ်။ ကျမက လာစေချင်တယ်။ သဘောမတူတာမှန်သမျှ မျက်နှာချင်းဆိုင်ပြောဆိုဆွေးနွေးရင် ပြေလည်နိုင်တယ်။ လာစေချင်ပါတယ်လို့ ပြောသွားတယ်။ ကျွန်တော်လည်း ကြုံတိုင်း သူပြောခဲ့တာကို ပြန်ရှင်းပြရပါတယ်။

ဒေါ်စုကိုကြိုဆိုတာ၊ လမ်းပြခေါ်ဆောင်တာကအစ ကျွန်တော်ကရှေ့ဆုံးကနေရတယ်။ ဒေါ်စုက မြန်မာကွန်မြူနတီအတွက် အချိန်တနာရီတိတိသာရတယ်။ အဲဒီကျောင်းမှာက မိနစ် ၂ဝ။ နောက်တနေရာကို (၇) မိနစ်ကြာမှ ရောက်မယ်။ အဲဒီမှာ (၃၃) မိနစ်သာရတယ်။ အဲဒီအချိန်ဇယားကို အိန္ဒိယအစိုးရ Protocol အရာရှိတွေနဲ့ကျွန်တော် ဆွဲထားကြတာပါ။ အဲတော့ ဒေါ်စုခင်ဗျာ ကျွန်တော်လည်း NLD ပါ။ ၁၉၉ဝ အမတ်ပါ။ ဘယ်နယ်ကပါ။ အခု ဘာတာဝန်ယူနေပါတယ် စသဖြင့် ပြောပြီး ဒေါ်စုရဲ့ တိတိကျကျသတ်မှတ်ထားတဲ့အချိန်ထဲကနေ ခိုးမယူချင်ပါ။ မယူခဲ့ပါ။

ဒေါက်တာတင့်ဆွေ
၁၆-၉-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး