My hands bleed

ကျွန်မက အခု ၄၂ ပါ။ ခြေမညာဖက်က ခြေသည်းထိပ်ပိုင်းပါးလာပြီး နာပါတယ်။ ဘယ်ဖက်ခြေမက ဘယ်ဖက်ဒေါင့်က အရေခွံလန်ပြီးနာလဲနာ ခြေသည်းလဲ ပိုးစစားနေပါပြီ။ အဆိုးဆုံးက ညာလက်မ တခြမ်းပုတ်ပြီး နာနေတာ ပန်ကန်ဆေး ဟင်းချက်နဲ့ ပိုဆိုးနေလို့မေးတာပါဆရာ။ ခင်မင်လေးစားစွာနဲ့ပြောရရင် ဆရာကို အားကိုးပါတယ်။ ရောဂါဖြစ်တိုင်း ဆေးခန်း မသွားနိုင်တာလဲပါတယ်ဆရာ၊ မြန်မာပြည်မှာ အဲ့လောက်နဲ့ ပြည်သူဆေးရုံ သွားမကောင်းသလို အပြင်ဆေးခန်းသွားလဲ ပိုက်ဆံအတွက် အဆင်မပြေလို့ပါ၊ ဆရာ မှတ်မိမလားမသိ၊ ကျွန်မ ဆရာ့ကို ခါးဆစ်ကိစ္စကော လေဖက်နာကိစ္စကော မေးဖူးပါတယ်။ အခုအလုပ်ကနားပြီး ကွကိုယ် တစ်ယောက်တည်းနေပါတယ်။ ခင်မင်လေးစားစွာဖြင့်၊ ဆရာကျန်းမာပါစေရှင်။

လက်သည်းမှိုရောဂါစာ ပို့မယ်။

(ကွကိုယ်) ဆိုတာ ကွန်မင့်မှာ အပျော်အပျက်ရေးတာသာဖြစ်တယ်။ အခုလိုစီကာစဉ်ကာရေး မေးတာမှာ ကိုယ့်ဟာကိုယ်လို့ ရေးသင့်တယ်။

အခုပဲ အန်တီက မေးတယ့့် (မွတ်ငါး) က ဘာလဲတဲ့။ ဖေ့စ်ဘွတ်ကနေသင်ယူထားတဲ့ ကျွန်တော်က ဆရာလုပ်ပါတယ်။

အပျက်အပျက်နဲ့ နှာခေါင်းသွေးထွက်ဆိုတာ ဆိုရိုးစကားပါ။ မြန်မာစာအရေးအသားနဲ့ ပြောစကား၊ အလေးမထားကြလို့ စိတ်မကောင်းပါ။ ကျွန်တော့်လက် သွေးထွက်တဲ့အထိ ရေးပါမယ်။

ဒေါက်တာတင့်ဆွေ
၁-၁ဝ-၂ဝ၁၆

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Burmese Proverbs စကာပုံများ (က)