Mission impossible မစ်ရှင်

စာပြန်လာသင်ချင်တဲ့ စင်ပြိုင်အစိုးရ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာစိန်ဝင်းလို့ ဧရာဝတီမှာ အခုပဲတက်လာတယ်။

တမြန်နေ့က ဆရာစိန်ဝင်းကနေ ဖုန်းဆက်ပါတယ်။ ကျွန်တော်တို့ နာရီဝက်ကျော်ကျော်လောက် စကားပြောကြတယ်။ ဆရာကပြောပြတာ များတာပါ။ သူက အမြဲစဉ်းစားတွေးခေါ်နေသူ။ အိုင်ဒီယာရလာရင် အဲလိုပဲ ဖုန်းဆက်ပါတယ်။

ဆရာပြောတာကို မီဒီယာကပေးလိုက်တဲ့ခေါင်းစီးက သင့်မြတ်ပါတယ်။ ဒေါက်တာစိန်ဝင်းက ကျွန်တော်လို ဆရာဝန် မဟုတ်ပါ။ သင်္ချာပါရဂူဘွဲ့ကို ဂျာမနီနိုင်ငံ (ဟမ်းဘုဂ်) ကနေရထားသူဖြစ်ပါတယ်။ အစိုးရပညာတော်သင်က မာစတာဘွဲ့ အတွက်လွှတ်တာမှာ၊ သူက ပီအိတ်ခ်ျဒီ ဆက်တက်လို့ ပြန်ခေါ်တာသူကမပြန်ပဲ၊ ပညာဆုံးခန်းတိုင်သင်ပြီးမှသာ ပြန်လာတော့ အရေးယူခံရတယ်။ စာပိုသင်တာ အပြစ်ကြီးတဲ့ခေတ်ကပါ။

ပြန်လာ ဘာလုပ့့် ဆရာတို့ ကျွန်တော်တို့အရွယ်တွေက မောင့်ကျက်သရေနဲ့ မတော်ကြတော့ပါ။ ငယ်စဉ်အခါ ဝါသနာနောက်ကို လိုက်တတ်ကြတယ်။ ကြီးလာတော့ ဝါသနာကို အကောင်အထည်ဖေါ်ချင်တယ်။

ကျွန်တော့်ဝါသနာတွေက နည်းနည်းများတာ ခက်တယ်။ ကျွန်တော်က စာမသင်ဖူးပါ။ ဆေးကုပေးချင်ပေမဲ့ ကိုယ့်ထက် တော်တဲ့တတ်တဲ့ဆီမှာသာ ကုသမှုရကြစေချင်တယ်။ နိုင်ငံရေးမှာ နောက်လူတွေနေရာပေးလို့ အသံကောင်းဟစ်ရအောင် ကိုယ့်မှာ နေရာဆိုတာ မရှိခဲ့ဘူးပါ။

လက်ဖက်ရည်ဆိုင်ထိုင်ပြီး လေကန်ချင်ပေမဲ့ အချိန်ကိုအသုံးချတတ်တဲ့ ယဉ်ကျေးမှုကိုသာ ပေးချင်နေတယ်။

ဒေါက်တာတင့်ဆွေ
၂၃-၉-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး