Hepatitis A အသည်းရောင် အသားဝါ (အေ)

သမီးအမျိုးသားကို ဆရာဝန်က ဆေးတလစားခိုင်ပြီး မနေ့ကရက်ချိန်ပြပြီး နောက်ထပ် ဆေးနှစ်လသောက်ခိုင်ပါတယ်။ နှစ်လပြီးရင် ဆေးပြန်စစ်ခိုင်ပါတယ်ဆရာ။ ပင်ပန်တဲ့အလုပ်လုပ်လိုရလား။ ပြီးတော့ အလေးအပင်တွေ မ, လိုရလား။ ပြီးတော့ သမီးတို့မိသားစုသုံးယောက်အတူတူအိပ်လိုရလားဆရာ။ ကလေးကိုကူးမှာဆိုးလို့ပါ (စိုးလို့ လို့ရေးရမယ်)။ မျက်လုံးကဝါသေးတယ်ဆရာ။ ဆရာဝန်က အလုပ်ပြန်ဆင်လိုရပြီးပြောတယ်ဆရာ။ အစားအသောက်က အကုန် စားလိုရတယ်ပြောတယ်။ အသည်းရောင်အသားဝါအေက စိုးရိမ်းရလားဆရာ။

အသည်းရောင် အသားဝါ (အေ) ကူးစက်မှုများတဲ့ရောဂါတခုဖြစ်ပါတယ်။ အသည်းရောင်စေတဲ့ (ဗိုင်းရပ်စ်) ပိုး ၆ မျိုး ရှိတယ်။ A, B, C, D, E, G ဖြစ်ပါတယ်။

အသည်းက အလုပ်တွေအများကြီးလုပ်ပေးနေတယ်။
• အစာထဲက အဆီ၊ ဆီတို့ကို အစာခြေပေးတယ်၊
• အား (အင်နာဂျီ) ကို သိုလှောင်ထားတယ်၊
• အဆိပ်အတောက်ကို ဖယ်ရှားပစ်တယ်၊
• (ဘိုင်းလ်) အစာခြေရည် ထုတ်ပေးတယ်၊
• ကိုလက်စထရော၊ သွေးခဲစေတယ့် ပစ္စည်းများ၊ ပရိုတင်းများ ထုတ်လုပ်ပေးတယ်။

Hepatitis A အသည်းရောင် အေ ကို Viral Hepatitis/Infectious Hepatitis လို့လည်းခေါ်တယ်။
• ကူးစက်ရောဂါဖြစ်တယ်။
• (ဗိုင်းရပ်စ်) ပိုးများမှ ကူးတယ်။
• အသေအပျောက်ရှိတယ်။
• ဇူလိုင်၊ သြဂုတ်၊ စက်တင်္ဘဘာ (၃) လ အထူး ဂရုစိုက်ပါ။

ရောဂါလက္ခဏာများ
• အားနည်းခြင်း ခံစားရတယ်၊
• မစားချင်၊ မသောက်ချင် ဖြစ်လာတယ်၊
• ဖျား၊ ချမ်း၊ ခေါင်းကိုက်၊ ပျို့၊ အန်၊
• အသား (မျက်လုံး၊ လက်တယ်း၊ အရေပြား၊ ဆီး) ဝါလာတယ်။ Jaundice ဟုခေါ်တယ်။
• ဖြစ်စေတဲ့ တခြားရောဂါ အများအပြားလဲ ရှိတယ်။
• အသည်းရောင်ရင် ရင်ဘတ်ညာဘက်အောက်ပိုင်းနေရာ သို့မဟုတ် ဝမ်းဗိုက်ညာဘက် အထက်ပိုင်းနေရာ၊ သို့မဟုတ် ရင်ခေါင်းနေရာက နာလာမယ်။

စမ်းသပ်ခြင်း
• အသား (မျက်လုံး၊ လက်သည်း၊ အရေပြား၊ ဆီး) ဝါခြင်း၊
• အသည်းကြီးခြင်း၊
• အသည်းနေရာက နာခြင်း၊
• LFT အသည်းလုပ်ငန်းများအား စစ်သောအခါ (ဘီလီရူဗင်) များနေမည်။

ကုသခြင်း
• အနားယူပါ၊
• ရေ၊ အရည်များများသောက်ပါ။
• လိုအပ်ပါက သွေးထဲ သွင်းပေးပါ၊
• အဆီ၊ ဆီ လျှော့စားပါ၊
• အရက်၊ မူးယစ်ဆေး၊ ဆေးလိပ်၊ ပြင်းတဲ့ဆေးဝါးများ ရှောင်ပါ။

ကာကွယ်ပုံ
• ပါးစပ်ထဲဝင်တဲ့ (ရေ၊ နို့၊ ဖျော်ရည်) တို့ကို ပွက်သွားအောင် ကြို၍သောက်ပါ။ ရေသန့်ဆေး (Chlorine tablet) ထည့်၍ သုံးပါ။ ပွက်သွားအောင် ကျိုမထားသောရေနှင့် ရေသန့်ဆေး ထည့်မထားသောရော၊ ရေသန့်ပုလင်းကရေ မဟုတ်ပါက မသောက်ပါနှင့်၊
• (အစားအစာ) တို့ကို ပွက်အောင်ပြုတ်၊ ကျော်၊ ပေါင်း၊ ချက်ထားသည့်အစာကို ပူနွေးနေစဉ် စားပါ။ ချက်ပြုတ်ပြီးပါက ယင်ကောင် မနားစေရန် ဖုံးအုပ်ထားပါ။ ယင်ကောင်၏ ခြေထောက်၌ ပိုးကပ်ပါလာနိုင်သည်။ အပြင်းစာ၊ အပြင်ဆိုင်က ရောင်းသည့် အစာများကို သန့်-မသန့် စစ်ဆေးပြီးမှ စားပါ။ ဖြစ်နိုင်လျှင် မစားပါနှင့်။ ရောဂါရှိသူ ချက်ပြုတ်ကျော်လှော် ဆေးကြောသည်မှ ကူးစက်နိုင်တယ်။
• Hepatitis A အသည်းရောင်အသားဝါရောဂါ A ကာကွယ်ဆေး 95% ထိရောက်တယ်။

အခြားနည်းများ
• ရေလောင်း အိမ်သာကိုသာ သုံးပါ။ ယင်လုံအိမ်သာ သုံးပါ။
• ဆီးဝမ်းသွားပြီးတိုင်း ဆပ်ပြာနဲ့ မကြာမကြာ လက်ဆေးပါ။
• အသီးအနှံများကို မစားမီ ရေသန့်သန့်ဖြင့် ဆေးပါ။ ဆားရေနဲ့ဆေးတာ ပိုကောင်းတယ်။
• ရေကြီးချိန်မှာ၊ ယင်ကောင်ပေါချိန်မှာ ကူးစက်မှုများတတ်တယ်။

ဆရာဝန်လုပ်သက်ရလာတဲ့အချိန်မှာ အမှတ်မထင် သတိပြုမိလာတာလေးတွေရှိတယ်။ (ဂျွန်းဒစ်) လို့ခေါ်တဲ့ အသားဝါ ရောဂါလူနာတွေလာရင် သူတို့ ဝတ်လာတဲ့အဝတ်အစားက လူနာ ၅ ယောက်မှာ ၃ ယောက်က အဝါရောင်အဝတ်ကို ဝတ်စားလာတယ်။ မြန်မာပြည်မှာ အသားဝါက ပေါမှပေါ။ ရီစရာသဘောလဲ ပြောမိတယ်။ ဆနွင်းမှုံ့မစားနဲ့လို့။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး