IMM Friends ဆေးကျောင်းမှာ မသင်ခဲ့ရတဲ့ ဝေဒနာ

အခုပဲ အတန်းတူဆေးကျောင်းကသူငယ်ချင်းတွေရဲ့ဓါတ်ပုံတခု တွေ့ရတယ်။

ဆေးကျောင်းမှာမသင်ခဲ့ရတဲ့ ဝေဒနာစာဟောင်းလေး ပြန်တင်ပါရစေ။ ပြည်ပထွက်ရတဲ့ဆရာဝန်တယောက်ရဲ့ဝေဒနာပေါ့။

ပြည်ပမှာ ဆရာဝန်ဖြစ်နေတာ မကောင်းတဝက်၊ ကောင်းတဝက်ပါ။ ၁၉၈၈ ကာလမှာ ကျောင်းသားလူငယ်တွေ အများစုက လက်ဝဲစာတွေနဲ့ ရင်းနှီးပြီး၊ ချေဂွေဗားရားကို အတော်ကိုအားကျကြတယ်။ လက်ဝဲကိုလဲ တလွဲယူကြပုံရတယ်။ ဆင်းရဲမှ လက်ဝဲထင်ပြီး၊ မြို့ကြီးပြကြီးက တိုက်ခန်းမှာနေရပေမဲ့ တောထဲတောင်ထဲမှာ နေရသလို နေပြတာက မွန်မြတ်တယ် ထင်ကြသူတွေ တွေ့ရတယ်။ ကျွန်တော့် အသက်မွေးမှုက ဆရာဝန်ဆိုတော့ သူတို့အမြင်မှာ တမျိုးထင်နေကြပုံရတယ်။ ကိုယ့်လဲ ကျောပိုးအိတ်တလုံးနဲ့ ထွက်ပြေးရတာပါဘဲ။ နေတာထိုင်သန့်ရှင်းရေး စတာလေးတော့ ဂရုစိုက်တာပေါ့။ အဲဒီအစာမကျေရောဂါကို (၁ဝ) နှစ်လောက်စောင့်မှ ပျောက်တယ်။

NLD ဖြစ်နေတာက တဝက်ကတော့ကောင်းပြီး၊ ကျန်တဝက်က ကြည့်မရကြတာခံရတယ်။ ပါတီဝင်ထဲကတချို့ အနေမတတ်တာလေးတွေကလည်း ရှိတာကိုး။ အမှန်က NLD ဆိုတာ အရေးအခင်းကြီးထဲကနေ ဆက်ဖွဲ့လိုက်တာမို့ အစုံပါတယ်။ ဆူကြုံနိမ့်မြင့် မခွဲရဘူးမဟုတ်လား။ ထိုင်းနယ်စပ်သွားစဉ်တခါက ကျောင်းပညာမှာ ကျွန်တော်လောက် အတန်းများများ မသင်ခဲ့ရသူ NLD စစ်စစ်တယောက်က သူ့ကိုယ်သူ အားငယ်စိတ်နဲ့ပြောတော့ ကိုယ့်လူ အဲလိုမတူတာတွေစုထားတာကို NLD ခေါ်တယ်လို့ပြောလိုက်ပါတယ်။

မျိုးရိုးကို တမျိုးအထင်ခံရတာကလည်းရှိသေး။ ကျွန်တော်က ဗမာ၊ အညာသား၊ ယောက်ျား။ NGO တွေက တိုင်းရင်းသားမှ တိုင်းရင်းသား၊ အမျိုးသမီးမှ အမျိုးသမီးဖြစ်နေကြတော့ ဗမာတွေ၊ ယောက်ျားတွေမှာ နေစရာ တကယ်မရှိပါ။ စစ်တပ်ကတော့ ဘယ်သူ့မှ ဘာကိုမှရွေးပြီး ဖိနှိပ်တာမဟုတ်ပါ။ တချို့ NGO တွေက ဗမာမဟုတ်ရင် ပြီးရောတဲ့။ ရွှေဗမာ နှစ်ခါသုံးခါနာဖြစ်ရတယ်။ အဲလိုအခွဲခံကြရတာကို နားလည်မှုရအောင် (၂၅) နှစ် ကြာပေမဲ့ မပျောက်သေးပါ။

သူငယ်ချင်းတို့ရေ မင်းတို့ ငါ့ထက်ကံကောင်းကြတယ်။

ဒေါက်တာတင့်ဆွေ
၁၅-၉-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ