Mark Zuckerberg and his wife want to tackle all diseases by the end of the century

ဖေ့စ်ဘွတ်တည်ထောင်သူ ဇူကာဘတ်နဲ့ သူ့ဇနီး ပရက်စီလာချန်းတို့က ရောဂါတွေသုတေသနအတွက် ဒေါ်လာ ၃ ဘီလီယန် (သန်း ၃ ထောင်) လှူဒါန်းပါမယ်။ ရောဂါတွေ ပျောက်အောင်ကုသရေး၊ ကာကွယ်ရေးနဲ့ စီမံရေးတွေကို ရာစုနှစ်အကုန်မှာ ဖြစ်နိုင်ရေးကို ပန်းတိုင်ထားပါတယ်လို့ ပြောလိုက်ပါတယ်၊

ဘယ်လိုတွက်တွက် အဲတာဟာ အင်မတန်ကြီးမားလွန်းတဲ့ ရည်မှန်းချက်ပါ။ သူတို့က အဲလိုပြောတာ ခပ်ရူးရူးဆန်တာတော့ သိပါတယ်တဲ့။ ဒါပေမဲ့ လွန်ခဲ့တဲ့ ရာစုနှစ်အတွင်းမှာ ဆေးပညာနဲ့ သိပ္ပံပညာ ဘယ်လောက်ထိ တိုးတက်လာခဲ့တာလည်း ကြည့်ပါတဲ့။ ဇူကာဘတ်က အဲလိုဆုံးဖြတ်ချက်နဲ့ ရည်မှန်းချက်အတွက် ၂ နှစ်ကြာ ပညာရှင်တွေနဲ့ ဆွေးနွေးခဲ့ပါတယ်တဲ့။ စာအုပ်ဖတ်ပြောတာ မဟုတ်ပါတဲ့။

သူ့ရည်မှန်းချက် လက်တွေ့မကျတာကို ပညာရှင်တချို့ကထောက်ပြပါတယ်။ ဥပမာ မန်ချက်စတာတက္ကသိုလ်က ဒေါက်တာ ရှီးနာ ခရု့စ်ရှန်။

မိုက်ကရိုဆော့ပိုင်ရှင် ဘီလ်ဂိတ်ကတော့ ပိုလီယိုနဲ့ ငှက်ဖျားတိုက်ဖျက်ရေးကြိုးပမ်းမှုတွေကို ထောက်ခံချက်ပေးပါတယ်။ ဒါပေမဲ့ တချို့ကူးစက်ရောဂါတွေအကြောင်း လူတွေက အကုန်မသိနိုင်ကြသေးပါ။ လူ့အသိမှာ အားနည်းချက်တွေရှိတယ်။ ဥပမာ တချို့လူတွေက အအေးမိပိုးနဲ့တွေရင် နေမကောင်းဖြစ်ပြီး၊ တချို့မှာမဖြစ်တာ ဘာကြောင့်လည်း မသိသေးပါ။ ဆီးချို အမျိုးအစာ (၂) လို၊ နှလုံးသွေးကြောရောဂါလိုတွေက လူနေမှုပုံစံကနေဖြစ်စေတာကိုတော့ သိတယ်။

အခုထိ လူသားတွေက ကမ္ဘာကနေပျောက်ကွယ်သွားအောင်လုပ်နိုင်တာဆိုလို့ ကျောက်ကြီးရောဂါသာရှိသေးတယ်။ ၁၉၇၇ တုန်းက ဆိုမာလီမှာ နောက်ဆုံးတွေ့ရတာပါ။

ဘီလ်ဂိတ်ကပြောပါသေးတယ်။ နောက် (၁ဝ) နှစ်ဆိုရင် ကင်ဆာဆဲလ်ရဲ့ (ကုဒ်) ကိုဖေါ်နိုင်မယ်လို့။

လီဗာပူးလ် အပူပိုင်းဆေးပညာ ပါမောက္ခ လူးဝစ် နီဆင်ကပြောပါတယ်။ သင်ဟာ တနည်းနည်းနဲ့ သေကြရမှာ မဟုတ်ပါလားတဲ့။

ကျွန်တော်လည်း ပြောချင်တယ်။ အဲတာတော့ ဗမာတိုင်းကသိပါတယ်။ ကံတရားလည်း အားကိုးကြပါ။ ကံကောင်းအောင် အခုထပြီး ကောင်းတာလုပ်၊ အခုတခါတည်းဆုတောင်းယုံနဲ့တော့ မရနိုင်ပါ။ ကံကောင်းအောင် အတွေး-အပြော-အလုပ်၊ စက္ကန့်မလပ်လုပ်။

ဒေါက်တာတင့်ဆွေ
၂၄-၉-၂ဝ၁၆
http://www.bbc.com/news/magazine-37433012

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး