I’m so worried! လူနာတွေရော လူမာတွေကိုပါ စိုးရိမ်မိတယ်

ဆရာရှင့် ကျွန်မ အသက် ၃၅နှစ် ရှိပြီး အပျိုပါ။ အသက် ၂၇ နှစ်တုန်းက သားအိမ်အလုံးဖြစ်လို့ ခွဲထုတ်ထားဘူးပါတယ်။ အခု ရာသီလာရင် ဗိုက်အရမ်းအောင့်ပြီး စအိုဘက်ကလည်းနာ ပါတယ်ဆရာ။ အဖြူလည်း ဒီကြားတယ်မှာနည်းနည်းနဲ့ ရက်ကြာကြာ ဆင်းနေလို့ ဆေးခန်းပြန်ပြပြီး အာလ်ထွာဆောင်းရိုက်တော့ အသားလုံးအသေးတွေ့တယ်လို့ ပြောပါတယ်။ ဆရာဝန်ကတော့ ရာသီလာလို့ နာရင်းသောက်ဖို့ ဆေးပေးပြီး ခြောက်လနေမှ ပြန်ပြဖို့ချိန်းပါတယ်။ အခုက ကျွန်မ ညာဘက်ဗိုက်အောက်ပိုင်းက အောင့်ပြီး ခါးကနေပေါင်လောက်အထိကို တော်တော် နာနေပါတယ်ဆရာ။ အသားလုံး ရှိနေလို့ အဲ့လိုဖြစ်တာလားဆရာ။ သမီးဘာကြောင့်ဖြစ်တာမှန်း မသိလို့ ဖြေကြားပေးပါအုံးနော်။ အမှားပါတာရှိလည်း ခွင့်လွှတ်ပါဆရာ။ လေးစားစွာဖြင့်။ သမီးရဲ့ အာလ်ထွာဆောင်းအဖြေနဲ့ ဆရာဝန်ညွှန်ကြားပေးထားတဲ့ ဆေးပါဆရာ။

အလုံးဆိုတာကြောင့်ဖြစ်နိုင်တယ်။ အနာသက်သာဆေး တခုခုသောက်ပါ။ အာလ်ထွာဆောင်းအဖြေ မသိပါ။ အဖြူဆင်းတာ အနေရခက်ရင် ထပ်မေးပါ။ Uterine Fibroid Treatments သားအိမ်အကျိတ်ကုသနည်း အမျိုးမျိုးစာ ပို့လိုက်ပါတယ်။

အခုလိုပြည့်ပြည့်စုံစုံပြန်လည် ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်ဆရာ။ ဆရာလည်း သက်ရှည်ကျန်းမာ စိတ်ချမ်းသာပါစေ။ မအားတဲ့ကြားကနေ အခုလို ဂရုတစိုက် ပြန်လည်ဖြေကြားရှင်းပြပေးတဲ့အတွက် အမှန်တကယ် ကျေးဇူးတင်ပါတယ် 🙂 🙂 အဖြူဆင်းတာက သက်သာပါတယ်ဆရာ။ ရာသီလာရင်နဲ့ လာခံနီးရက်တွေကတော့ နာနေတုန်းပါပဲ။ ညာဘက် ဗိုက်အောက်ပိုင်းကလည်း အောင့်ပါတယ်။ Dolfenal သောက်ရင်တော့ သက်သာပါတယ်ဆရာ။ ဆောင်ရန် ရှောင်ရန်တွေရှိရင် သိချင်ပါတယ်ဆရာ။ ကျေးဇူးပြု၍ ညွှန်ကြားပေးပါဆရာ။ သမီး အလုံး ထပ်ကြီးလာပြီး ဗိုက်ခွဲရမှာ ဆိုးလို့ပါ။

ဆေးပညာစာ ပို့ထားပြီး။ လာခါနီးလို့ရေးရတယ်။ စိုးရိမ်လို့သာ ရေးရတယ်။ ဆိုးသွားမှာကို စိုးရိမ်တယ်။

ဒေါက်တာတင့်ဆွေ
၁-၁ဝ-၂ဝ၁၆

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး