IMM friends (2) စကားများ၏ အစားစား၏

စမူဆာနဲ့ အီကြာကွေး ဘေးထားပြီး အာလူးသာများနေကြတဲ့ သူငယ်ချင်းနှစ်ယောက်ပုံ အခုပဲ ဒါးလှီးမုန့်စားနေရင်း တွေ့ပါတယ်။

ငယ်ငယ်တုန်းက ဓါးလှီးမုန့်ဆိုတာ သွားရည်စာ။ ဒီမှာ အဲတာနဲ့ခပ်ဆင်ဆင်မုန်းကိုစားရတယ်။ ခွဲစိတ်ဓါးမကိုင်ရာတာ စမူဆာတိုင်းပြည် ဒေလီကထွက်လာကတည်းက။ ဆေးကျောင်းထွက် သူငယ်ချင်းတွေနဲ့ အာလူး မဖုတ်ရတာက မြန်မာပြည်ကထွက်လာကတည်းက။ ပြည်ပမှာနေရတာ ကြာလွန်းလို့ အီလှပြီ။

ဒေါက်တာသက်တင်နဲ့က ဆေးကျောင်းရောက်ကြတာ အတန်းတူ။ ဒေါက်တာဇော်မြင့်မောင်ကတော့ ကျွန်တော့်ညီနဲ့မှ အတန်းတူတယ်။ သူတို့တတွေ မာစတာတက်နေတော့ ဆေးကျောင်းမှာ တခါပြန်တွေ့ရတယ်။ ကျွန်တော်လည်း တောမှာ ဆရာဝန်လုပ်နေရင်း ဘွဲ့လွန်နှစ်ခါသွားဖြေသေးတယ်။ ခွဲစိတ်ပညာတခါ၊ မျက်စိတခါ။ မအောင်ပါ။

ကိုဇော်မြင့်မောင်နဲ့ နိုင်ငံရေးမှာတော့ အတန်းတူတယ်။ ၁၉၉ဝ မှာ အမတ်ဘွဲ့ကို အတူယူကြတယ်။ နိုင်ငံရေးဘွဲ့လွန်လည်း အတူတက်ကြတယ်။ နှစ်ယောက်လုံးကျတယ်။ သူက ထောင်ကျ၊ ကျွန်တော်က ပြည်ပထွက်ရတယ်။

အခုတော့ သူကအလုပ်ရသွားပြီ။ ဝန်ကြီးချုပ်တဲ့။ ကျွန်တော်လည်း ဝန်ကြီးဆိုပြီး အကြာကြီးခေါ်ခံရဘူးတယ်။ ကမ္ဘာမှာ ကျွန်တော်တို့ စင်ပြိုင်အစိုးရလောက် သက်တမ်းရှည်တာ မရှိဘူး။ ကမ္ဘာမှာ မြန်မာပြည်ကစစ်အစိုးရတွေလောက် သက်ဆိုးရှည်တာမရှိဘူး။

သူငယ်ချင်းတို့ရေ ငါလာတဲ့အခါ နွေမှာ ရွှေရင်အေးနဲ့ မန္တလေးမုန့်တီ။ ဆောင်းရာသီ မုန့်ပေါင်းနဲ့ အကြော်၊ မှိုပေါ်ချိန်မှာ မှိုနဲ့ မျှစ်။ ဘယ်ရာသီဖြစ်ဖြစ် ပြည်တွင်းဖြစ်ပဲနော့့်

ဒေါက်တာတင့်ဆွေ
၁၅-၉-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ