Virtue ဆုံးမရလွယ်သူ

မနေ့က သတ်ပုံပို့စ်အောက်မှာ တစ်မရေးသင့်တာကိုရေးလို့ ပြင်ပေးတော့၊ ဟုတ်ဆရာ ပြင်ရေးတော့မယ်တဲ့။ ပြုပြင်ရလွယ်ကူသူဆိုတာ များများမရှိဘူးလို့ ရေးလိုက်ပါတယ်။

အခုပဲ တယောက်က အစားအသောက်အောက်မှာ စာတောင်လာပြီလို့ရေးတယ်။ ဆာလို့ရေးရမယ်၊ စာဆိုရင် စာကလေး ဖြစ်သွားမယ်လို့ရေးတော့ သူကလည်း ဟုတ်ဆရာလို့ ရေးပါတယ်။ မနေ့ကအတိုင်းပဲ ပြန်ရေးပါတယ်။

လူမှုရေးမှာ ပြုပြင်ရလွယ်သူနဲ့ တရားသဘောမှာ ဆုံးမရလွယ်သူလို့ရှိတယ်။ တော်တော်တန်တန် အခံ (ပရမီ) မရှိရင် ပြင်ဘို့ မလွယ်၊ ဆုံးမရခက်တယ်။ ကိုယ့်သားသမီးတွေပဲကြည့်။ ကိုယ့်ကျောင်းသူကျောင်းသာတွေပဲကြည့်။ တချို့သာ ရသွားကြတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၉-၂ဝ၁၆

Sentiment ခံစားချက်လား

၁။ ရှလွတ် သရေကျ နေပီဆရာ

Dr. Tint Swe ဆရာလုပ်တဲ့အကျင့်ပါလို့ သွားရည်လို့ရေးရတယ်။ သရေဆိုရင် ဘောလုံးပွဲ။ Smile

၂။ စကားလုံးတွေမှားနေတာက မြန်မာဇာတ်ကားတွေ ကြည့်လိုက်ပါခမျာ ကြေကြေနပ်နပ် မှားနေကြလိမ္မယ် ။

Tint Swe ဆရာလုပ်တဲ့အကျင့်ကပါလို့ ကျေနပ်လို့ ရေးရမယ်။ Smile

၃။ စာလုံးပေါင်းသတ်ပုံတွေကို တချို့အလေးမထားကြတော့ဘူး။ အများညီ ဤ ကို ကျွဲ ဖတ်ဆိုတာလိုဖြစ်နေကြပြီ။

Dr. Tint Swe ပြင်လာကြတာ ဆရာသိတယ်။ ဂျာနယ်တချို့တောင် ပြင်လာကြတယ်။ ကောင်းတယ်။

အန်တီက မအိပ်ခင်ပြောတယ်။ သတ်ပုံအလွဲအမှားတွေအတွက် ခံစားချက်တွေ သိပ်ထားမနေပါနဲ့တော့။ ရမှာလည်း မဟုတ်ဘူးတဲ့။ ဘာမှပြန်မပြောမိပါ။ ခံစားချက်ဆိုတာကို ခုထိစဉ်းစာနေမိတယ်။ အိပ်ရာထဲမှာပါ ဆက်စဉ်းစားရအုန်းမယ်။

ဒေါက်တာတင့်ဆွေ
၂၈-၉-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး