A plot of land ခြံ

တခါက
ငါ့လူနာတွေ တည်းခိုရာ
ငါ့ခြေရာနဲ့ ငါ့လက်ရာ

ခုအခါ
ဆရာမရှိ လူနာမရှိ
အပင်သာရှိ မြက်သာရှိ

တနေ့သောအခါ
ဒီခြံဝင်းထဲမှာ လူနာတွေအိပ်စက်
ခြံဝင်းဘေးက ငါပြေးထွက်

နောက်မှာ
လူနာတွေအသက် ဖက်နဲ့ထုပ်ထားခဲ့
ငါ့အသက် ဖက်နဲ့ထုပ်သွားခဲ့
ဆူးကျတဲ့ဖက် လူနာတွေနဲ့ငါ အတူတူဖြစ်ခဲ့

ဆူးတွေ နူးပါစေ
မြူးလေ ဖြူးပါစေ
မိုးလေ ကျူးပါစေ။

(ဒီဝင်းခြံလေးထဲမှာ လူနာဆောင်တခုရှိခဲ့တယ်။ ၁၉၉ဝ ဆောင်းမနက်ခင်း၊ မလင်းတလင်းမှာ အိပ်စက်နေကြတဲ့ ကျွန်တော့် လူနာတွေအနား၊ ကြားလမ်းလေးကနေ ကျောပိုးအိတ်ကိုရင်မှာပိုက်ပြီး၊ ခေါင်းငိုက်စိုက်နဲ့ ထွက်ခွါခဲ့ရတယ်။ ခုတော့ မိုးသား တိမ်လိပ်တွေကို ကျွန်တော် မျှော်ကြည့်နိုင်ပါပြီ။)

ဒေါက်တာတင့်ဆွေ
၁၄-၉-၂ဝ၁၆
Photo Nay LA

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး