Cervical ectropion သားအိမ်ဝရောဂါတမျိုး
လေးစားရပါသောဆရာ သမီး အသက် ၂၅ နှစ်ထဲမှာပါ။ အိမ်ထောင်သည်ပါရှင်။ အိမ်ထောင်သက်တမ်း ၃ နှစ် ရှိပါပြီ။ ကလေးမယူသေးပါရှင်။ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး မနှစ်ကထိုးပြီပါပြီ။ သမီးဖြစ်တာက အဖြူ အရမ်းဆင်းတယ်။ အရင်က အဖြူဆင်းရာတွင် အဖတ်တွေပါ၍ မိန်းမကိုယ်ယားပါတယ်။ ၄ ခါလောက်ဖြစ်ဖူးပါတယ်။ OG က မှန်ပြောင်းကြည့်၍ သားအိမ်ခေါင်းယောင်တယ်ပြောပါတယ်။ နောက်ရောဂါတခုက ဆီးခဏခဏကျင်ပါတယ်။ ဆီးသွားရင်လဲ ဆီးအိမ်တွင် ဆီးကျန်သည်ကို အာထွာဆောင်းရိုက်၍သိရပါသည်။ အထူးသဖြင့် ညဘက်တွင် ဆီး ၄ ၅ ခါ သွားပါတယ်။ ယနေ့ တိုင်ဆီးသွားလျှင် အကုန်မသွားနိုင်ပါ။ ထိုရောဂါနှစ်ခု ဆက်စပ်ပါသလားဆရာ။ ကျေးဇူးပြု၍ လိုအပ်သည်များ ညွှန်ပြပေးပါရန် မေတ္တာရပ်ခံပါသည်ရှင့်။
ဆီးသွားများတာအတွက် ဆီးချိုစစ်သငသ့်တယ်။ ဆီးကျန်တာက သားအိမ်ကျသလား စစ်ရမယ်။ သားအိမ်ကျရင် မွေးလမ်း (ဗဂျိုင်းနား) ထဲမှာ တစ်ဆို့ဆို့နေမယ်။ မေးခွန်းမေးသူမှာ အိုဂျီကပြောပါမယ်။
Cervical ectropion သားအိမ်ဝလန်နေတာကို ရေးပါမယ်။ အင်္ဂလိပ်စာလုံးတွေကို ကျော်သွာလို့ နားလည်နိုင်ပါတယ်။ cervical eversion လို့လည်းခေါ်တယ်။ သားအိမ်ဝရဲ့ endocervical columnar epithelium အလွှာကနေ အပြင်ပေါက်ကို ထိုးထွက်နောဖြစ်တယ်။ မွေးလမ်းကနေကြည့်ရင် မြင်နေရမယ်။ မူမှန်က အဲလိုမမြင်ရပါ။ မှန်ဘီလူးနဲ့စစ်ရင် squamous metaplasia တွေ့မယ်။ ရောဂါရယ်လို့ မဟုတ်ပေမယ့် သားအိမ်ဝကင်ဆာနဲ့ ခွဲခြားရပါမယ်။ Pap smear, biopsy နည်းတွေလုပ်ရမယ်။
ရာသီတလအတွင်း မျိုးဥထွက်အဆင့်မှာ အရွယ်မကြီးသေးတဲ့အမျိုးသမီးတွေ အဲလိုဖြစ်နိုင်တယ်။ ကိုယ်ဝန်မှာလည်း ဖြစ်နိုင်တယ်။ ကိုယ်ဝန်တားဆေးသောက်လို့လည်းဖြစ်လာနိုင်တယ်။ အီစထိုဂျင်ဟော်မုန်း များလာရာကနေဖြစ်တယ်။ မွေးရာပါလည်းဖြစ်တယ်။
သားအိမ်ဝမျက်နှာပြင်ဧရိယာပိုကျယ်နေလို့ အဲလိုရှိနေသူတွေမှာ ဖြူဆင်းမယ်။ ပြည်တော့မဟုတ်ပါ။ အတူနေပြီးချိန် သွေးဆင်းတတ်တယ်။
ထူးခြားမှုမရှိသူတွေ ကုသစရာ မလိုတတ်ပါ။ တချို့ကို ဟော်မုန်းပေးကုသရတယ်။ Ablation နည်းနဲ့လည်း လုပ်ရနိုင်တယ်။ မေ့ဆေးပေးပြီး (100 °C) အပူနည်းနဲ့လုပ်တာဖြစ်တယ်။ ၃-၄ ခါလုပ်ရနိုင်တယ်။
ဒေါက်တာတင့်ဆွေ
၁၂-၉-၂ဝ၁၆

Comments
Post a Comment