Reading room at home အိမ်ကစာဖတ်ခန်း

Tamar Myay ဆရာ့ စလုံး နဲ့ ဆလိမ် သုံးတဲ့နေရာတွေမှာ ဒေါက်တာတွေ၊ အဆင့်မြင့်ဟိုတယ်မန်နေဂျာတွေ၊ နာမည်ရ သတင်းထောက်တွေ၊ စတဲ့လူတွေကပါ မှားနေကြတာ၊ အမှားကြာအမှန်ဖြစ်နေကြတာ။ သူတို့ရေးတဲ့ပို့စ်တွေအောက်မှာ စေတနာနဲ့ ပြင်ခိုင်းရင် အရေးမလုပ်ကြတာများတယ်။

ညတုန်းကပဲ ဆုံးမရလွယ်ကူတဲ့ ပါရမီရှိကြောင်းရေးလိုက်သေးတယ်။ ဒီလိုဖြစ်နေတာက အပင်မြင့်လေ လေတိုက်ခံရလေနဲ့ ပြောင်းပြန်။ အဆင့်မြင့်လေ အောက်ဆင်းရခက်လေ။ မြေကြီးနဲ့ဝေးလေ။

ကျွန်တော် အလယ်တန်းကျောင်းသားအရွယ်လောက်က စိတ်ကူးယဉ်ခဲ့ဘူးတယ်။ အင့်း့ ငါကြီးလာရင် အိမ်မှာ စာကြည့်ခန်းလေးတခုထားမယ်။ အဲဒီအခန်းဟာ ကြမ်းပြင်အောက် တထွာလောက်ဖြစ်ဖြစ် နိမ့်ထားမယ်။ အဲတာမှ ငါဟာ ဘဝင်ခိုက်တာနည်းမယ်လို့ တွေးခဲ့တာပါ။ ကလေးတွေးပေါ့။

လက်တွေ့ဘဝမှာ ဆရာဝန်သာဖြစ်လာ၊ နိုင်ငံရေးလုပ်သူသာဖြစ်တာ၊ ပြည်ပနိုင်ငံကြေီးတွေမှာနေရတဲ့သူသာဖြစ်လာပေမဲ့ ခုထိ အိမ်မှာ စာကြည့်ခန်းလေး မထားနိုင်သေးပါ။ စိတ်ထဲမှာတော့ ကြာလေကြာလေ တထွာမက နိမ့်နိမ့်ကျလာပါတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၉-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး