Friday, September 30, 2016

Our Culture ကျွန်တော်တို့ ယဉ်ကျေးမှု

အဆာပြေစားစရာ တို့ဟူးသုပ်၊ ကိုယ်တိုင်လုပ်သူက လာပေးပါတယ်။ အရင်လည်း ပေးတယ်။

ဆိုင်တွေမှာ ဝယ်ရတဲ့ တို့ဖူးကတမျိုး။ ပဲပုပ်စေ့နဲလုပ်တာ။ ပဲပြားခေါ်တယ်။ ဒေလီမှာနေတုန်းက အောက်စ်ဖို့ဒ်ဆရာမကြီးက ပဲပြားကို ဆီတို့ဟူးလုပ်နည်းပြောပြတယ်။ သူက ရှမ်းပြည်မှာနေခဲ့လို့သိတာ။

နေ့လယ်စာ ကြက်ဟင်းခါးရွက်ချက်တာနဲ့စားရတယ်။ ကနေ့ညနေမှာ ကိုယ်တိုင်စိုက်ပျိုးသူကနေ ဟင်းသီးဟင်းရွက်တွေ လာရောင်းမယ်ထင်တယ်။ ခွေးတောက်ရွက်ပါရင် ဝယ်ရအုန်းမယ်။ ဒီမြို့မှာ သီတင်းသုံးတဲ့ ဘုန်းကြီးကို ကပ်ပါမယ်လို့ လျှောက်ထားပြီးပြီ။

အဲတာ မြန်မာ့ယဉ်ကျေးမှု။ တယောက်ရှိတာတယောက် ဝေမျှစားကြ၊ ပေးကြကမ်းကြ၊ လှူဒါန်းကြတယ်။ အန်တီ အခုပဲ ဒူးနာကို ဖီဇီကယ်သာရပီလုပ်ပြီးအပြန်မှာ ဈေးဝင်ဝယ်လာတာ။ ငှက်စာ။ ကုန်တိုင်း တအိတ်တအိတ်ဝယ်ရတယ်။ ငှက်တွေကို ကိုယ်က မွေးမြူထားတာတော့ မဟုတ်ပါ။ အဲတာလည်း ကျွန်တော်တို့ယဉ်ကျေးမှု။

Dr. တင့်ဆွေ


No comments:

Post a Comment

Note: Only a member of this blog may post a comment.

တဦးလျှင်

မန္တလေး စာအုပ်လမ်း စာပေအလှူ တဦးလျှင် (၁) အုပ်နှုန်း အခမဲ့ရယူနိုင်ပါသည်။ ရွှေချထားဖို့ကောင်းတဲ့ စေတနာ။ စိန်စီထားသင့်တဲ့ သတ်ပုံမှန်လက်ရေးစာ...