Gracefulness ကျက်သရေရှိခြင်း

မနေ့ကပဲ Healthy Ladies အမျိုးသမီးကြီးတွေ ကျက်သရေရှိကြပါစေစာကို တင်ခဲ့ပါတယ်။

Grace, Gracefulness ကျက်သရေနဲ့ ကျက်သရေရှိခြင်းဆိုတဲ့ဂုဏ်ပုဒ်ဟာ အင်မတန်ကောင်းမွန်ပါတယ်။ ချောမောတယ်၊ လှပတယ်၊ ရိုးရိုးနဲ့ယဉ်တယ်၊ တင့်တယ်တယ်ဆိုတဲ့ အရည်အသွေးတွေ ရောထားပြီး၊ အဲလိုချီးမွမ်းခြင်းမှာ တွယ်ကပ်မှု နည်းပါတယ်။ လေးစားမှုနဲ့ဖြစ်တယ်။

ကျွန်တော် အိန္ဒိယမှာနေခဲ့ရစဉ်က ဟိုစောစောပိုင်းနှစ်တွေမှာ ဓါတ်ပုံသတင်းတွေမှာသာမြင်ရတဲ့ ဒေါ်အောင်ဆန်းစုကြည့်ရဲ့ ပုံပန်းကို ဖေါ်ပြချက်ပေးဘို့ရာ မိတ်ဆွေဒေသခံတဦးက စကားလုံးရွေးရခက်နေတယ်။ ကျွန်တော်က ဟင်ဒီစကား မတတ်တော့ အင်္ဂလိပ်လိုပဲ ပြောကြရတာပါ။ ကျွန်တော်ကပဲ (ဂရေ့စ်ဖူးလ်) လို့ထောက်ပေးတော့ သူဘဝင်ကျသွားတယ်။

Looking and feeling your best during pregnancy ကိုယ်ဝန်ဆောင်မှာ ကျန်းမာပြီး ကျက်သရေပါရှိစေဘို့ အကြံကောင်း (၂ဝ) စာမှာလည်း ဒီစကားစုကို သုံးထားပါသေးတယ်။

Elegant လို့ပြောတာက မော်ဒယ်တို့ ဆယ်ဘီဘရက်တီတို့သာသင့်တယ်။ Charm, Delicacy, Dignity, Gentility, Grandeur, Magnificence, Nobility, Purity, Refinement, Sophistication, Splendor, Style စကားလုံးတွေကလည်း သူ့နေရာနဲ့သူသုံးမှသာ သင့်မှန်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၉-၉-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး