Uniformly enforced တပြေးညီ

ကျွန်တော့်ပို့စ်တခု = ဟင်းချိုမှုန့် သတင်း

ကွန်မင့်တခု = ဆရာကလည်း မသုံးသင့်ကြောင်း တည့်တည့်မပြောဘူး။ ဧည့်သည်လာလို့ စားချင်သူဆိုရင် ပေးဖို့ဝယ်ထားတယ်တဲ့။

ဆရာဝန်ပြောရင် နားမထောင်ချင်။ ပျောက်စေဆရာနဲ့ ကြော်ငြာဆေးမျိုးကို သဘောကျ။ အထက်အမိန့်ဆို ပြားပြားဝပ်လိုက်နာတဲ့အကျင့်က ပါနေကြတယ်။ ကျွန်တော့်မှာက ဆရာဝန်ယူနီဖေါင်းတောင် မရှိတော့ဘူး။ Smile

၁၉၈၁ မှာ ဥက္ကဋ္ဌကြီးက တပြေးညီအောင်လုပ်ကြဆိုကတည်းက ခုထိ သတ်ပုံတွေက တစ်အောက်မှာ ပိပြားနေကြတုန်းပဲဗျ။ သူက ယူနီဖေါင်းဖြစ်အောင်လုပ်ခိုင်းတာပါ။ No Smile!

ဒေါက်တာတင့်ဆွေ
၃ဝ-၉-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး