Thyroid Function Tests လည်ပင်းကြီးဟော်မုန်း စစ်ဆေးခြင်း
Thyroid diseases လည်ပင်းကြီးရောဂါများအောက်မှာ ကွန်မင့်တခုရေးလာတယ်။ သူရေးတာက ပြောင်းပြန်ဖြစ်နေလို့ ဒီစာကိုတင်ပါတယ်။
(၁) T3 / Serum triiodothyronine ပုံမှန် = 80 to 220
- T3 80 ထက်နည်းနေရင် hypothyroidism လည်ပင်းကြီး ဟော်မုန်းနည်းရောဂါဖြစ်နိုင်တယ်။
(၂) Total T4 (Serum thyroxine) ပုံမှန် = 4.5 to 12.5
- Total T4 4.5 ထက်နည်းပြီး TSH ပါများနေရင် လည်ပင်းကြီး အလုပ်နည်းနေနိုင်တယ်။
- Total T4 12.5 ထက်များနေရင် hyperthyroidism လည်ပင်းကြီး ဟော်မုန်းများရောဂါဖြစ်မယ်။
- T4 လဲ နည်းနေမယ်၊ TSH လဲနည်းနေမယ်ဆိုရင် (ပစ်ကျူထရီ) ဆိုတဲ့ ဦးနှောက်ထဲက ဟော်မုန်းတွေထုတ်တာနဲ့ ဆိုင်တဲ့နေရာမှာ ရောဂါ ရှိ-မရှိစစ်ရမယ်။
(၃) Free T4 (Free Thyroxine) = FT4 ပုံမှန် = 0.7 to 2.0
- Free T4 0.7 ထက်နည်းနေမယ်ဆိုရင် hypothyroidism လည်ပင်းကြီး ဟော်မုန်းနည်းရောဂါဖြစ်နိုင်တယ်။
(၄) TSH (Thyroid Stimulating Hormone / Serum thyrotropin)
- American Association of Clinical Endocrinologists ကနေ TSH 0.3 to 3.0 ဟာ ပုံမှန်လို့ သတ်မှတ်ထားရာကနေ ၂ဝဝ၃ မှာ TSH 0.4 to 6.0 လို့ ပြင်ထားလိုက်တယ်။
- TSH 0.4 ထက်နည်းနေရင် Hyperthyroidism လည်ပင်းကြီး ဟော်မုန်းများရောဂါ ဖြစ်မယ်။
- TSH 6.0 ထက် များနေရင် Hypothyroidism လည်ပင်းကြီး ဟော်မုန်းနည်းရောဂါ ဖြစ်နိုင်တယ်။
မှတ်ချက်။
- ယေဘုယျကိန်းဂဏန်းတွေဖြစ်တယ်။
- ဓါတ်ခွဲခန်း တခုနဲ့တခု မတူပါ။ ကိုယ်စစ်တဲ့ဓါတ်ခွဲခန်းက ပုံမှန်သတ်မှတ်ချက်ဆိုတာနဲ့ နှိုင်းယှဉ်ရမယ်။
Dr. တင့်ဆွေ

Comments
Post a Comment