My teammate

ဒေါ်စု လန်ဒန်က ထွက်မလာခင် ဒေါက်တာဝင်းနိုင်ကို လက်ခံတွေ့ဆုံပါတယ်။

ဒေါက်တာဝင်းနိုင်နဲ့ ကျွန်တော်က အမျိုးမတော်ပေမဲ့ ကျွန်တော်တို့ အတန်းတူအုပ်စုက သူ့ကို ကိုကြီးလို့ခေါ်ကြတယ်။ နိုင်ငံရေးမှာတော့ အမျိုးတော်ပါတယ်။ သူ့ညီနဲ့ ကျွန်တော်က မန္တလေးဆေးကျောင်း အောင်ဆန်းဆောင်မှာ ၇ နှစ်လုံး တခန်းတည်းနေခဲ့တယ်။

သူ့အကို ဦးဝင်းကိုနဲ့တော့ ၁၉၉ဝ NLD ပါတီနဲ့ NCGUB စင်ပြိုင်အစိုးရမှာ မဖွဲ့ခင်ကတည်းက အနီးကပ်ဆုံး လက်တွဲ လုပ်ခဲ့တယ်။ ဦးဝင်းကို ဟိုသွားသည်လာလုပ်လို့ရအောင် ကျွန်တော့် ဘဲခေါင်းစိမ်း ခေါ်တဲ့ ဆိုင်ကယ်အစုတ်ကလေး ပေးထားတယ်။ သူ့လင့်ရိုဗာကားနဲ့ဆို ထောက်လှမ်းရေးကလိုက်လို့လွယ်မှာမို့ပါ။ ဒါပေမဲ့ သူလည်း ထိုင်းနယ်စပ်ထွက်ရော သူ့ကားကိုသိမ်းသွားတယ်။ ဦးဝင်းကို တရုပ်ပြည် ကွေ့မင်မြို့ ဟော်တယ်တခုမှာ လုပ်ကြံတာမခံရခင် ရက်ပိုင်းလေးကပဲ ဒေလီမှာနေတဲ့ ကျွန်တော့်ဆီကို စာတစောင်နဲ့ ထိုင်းဖက်ကိုလာဘို့ ခရီးစရိတ်ပို့ပေးသွားခဲ့တယ်။

လန်ဒန်မြို့ ဒေါက်တာဝင်းနိုင်အိမ်မှာတည်းခိုခဲ့ရင်း ကျွန်တော် ဒေါင်းနင်းလမ်း အမှတ် (၁ဝ) နိုင်ငံခြားရေးဝန်ကြီးဌာနကို သွားခဲ့ပါတယ်။ အခုထိ သူနဲ့ကျွန်တော် ပြည်ပနိုင်ငံရေးမှာ အတူတူလုပ်နေကြဆဲပါ။ သူက အတန်းပိုကြီးတော့ ကလပ်စ်မိတ် မဟုတ်၊ တိင်းမိတ် ပါ။

ဒေါက်တာတင့်ဆွေ
၁၄-၉-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး