Dissatisfaction သတင်းနှင့် ရန်ဖြစ်ခြင်း

ညတုန်းက ပြည်တွင်းမီဒီယာသမားတယောက်က မေးတယ်။ ဒေါက်တာစိန်ဝင်း သန်ဘက်ခါ မြန်မာပြည်ကိုလာမယ်ဆိုတဲ့။ အဲလို မရေးခင်မေးတာက တော်သေးတယ်။ သတင်းမှားတယ်။

အဖြစ်အပျက်ကတခုတည်းပေမဲ့ သတင်းရေးတာ၊ သတင်းပေးတာ မတူကြပါ။ ရေးနည်း တင်နည်းသာမက အမှန်နဲ့ အမှားအပြင် ကားရေးတာနဲ့ ကြွားရေးတာရှိသေးတယ်။ လွဲရေးတာနဲ့ ခွဲ (မကွဲတာကို ကွဲအောင်) ရေးတာလည်း ရှိသေးတယ်။

-့ရောဂါ ပူစရာမလိုတော့ပါ
-့ ကို့ က ပြတ်ပြတ်သားသားပြောပြီ

အဲတာတွေဆိုရင် အမြင်ကပ်တယ်။ မလိုတော့ပါတို့၊ ပြောပြီတို့ ခေါင်းစီးတပ်ရင် လွဲပြီသာမှတ်ပေတော့။

ကျွန်တော် မီဒီယာသမားနဲ့ ရန်မဖြစ် (ရဲ) ပါ။ သတင်းနဲ့တော့ ဖြစ်တယ်။

ဒေါက်တာတင့်ဆွေ
၁၅-၉-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး