Disadvantaged ယသော အယသော

ဆရာ့ နို့ရည်ကိုဘယ်လိုထားသိုမလည်းမှာ နောက်ပစ် လဲ ရမှာဆရာ။ ညသတ်နဲ့ မဟုတ်ပါ။ တင်ထားတာမှာ မန့်ခဲ့သေးတယ်။ ဒါပေမယ့် အများမြင်တဲ့နေရာမှာ ရေးမပြချင်တာနဲ့ ပြန်ဖျက်ခဲ့တာ။ ဆရာက မြန်မာစာ မြန်မာစကား အရင်အတိုင်းပြန်ပြင်ဆင်ထောက်ပြနေတဲ့သူဆိုတော့ ပိုပြီးသတိထားသင့်မလားလို့ ထောက်ပြမိတာပါ။ တတ်လို့တော့ မဟုတ်ဘူး။ အခုလိုစာလုံးပေါင်းကိုတောင် မှားနေရင် ငါတို့က သူပြောတာ ရေးတာဘယ်လိုယုံလို့ရမှာလဲ ဆိုတာမျိုးတွေ တွေးမိလာကြလိမ့်မယ်ဆရာ။

ကျေးဇူး။ ဆရာက ခဏခဏမှားတယ်။ ဆရာ့ကို စေတနာနဲ့ပြင်ပေးနေသူ လက်ရှိ ၂-၃ ယောက်ရှိတယ်။ ဆရာပြင်ပြီးတာနဲ့ သူတို့က သူတို့ကွန်မင့်ကို ဖျက်သွားပေးကြတယ်။ ဆရာက ကိုယ်မှားတာကို အမြဲဝန်ခံတတ်ကြောင်း အတော်များများက သိကြတယ်။

ကူညီသူတွေကနေ ထောက်ပြတိုင်း ပြင်ပါတယ်။ ပြင်ရတာက (၅) နေရာ။ ဖေ့စ်ဘွတ်က (၃) ခု၊ ဘလော့က (၁) ခုနဲ့ သိမ်းထားတဲ့ဖိုင်။ သိမ်းထားတဲ့ဖိုင်တွေထဲမှာ လဲ နဲ့ လည်း လွဲနေတဲ့ခေါင်းစဉ်တွေကို အပြေားအလွှားတွေ့လိုက်တယ်။ ပြင်ရအုံးမယ်။ စာဟောင်းတွေမှာ ပိုဆိုးတယ်။

ကျွန်တော်က စာရေးရင် အချက်အလက်နဲ့ စာသီကုံးမှုမှာ အာရုံကများနေတယ်။ သတ်ပုံကို တိတိကျကျမစစ်အားလို့ မှားတယ်။ အဲလိုပြောတာက ဆင်ခြေ (သို့) Excuse လည်းဟုတ်ပါတယ်။ တကယ်လည်း မှားတတ်တာဖြစ်ပါတယ်။

နောက်ထပ်စာအုပ်တွေထုတ်ဘို့မှာ ကိုယ်ကပို့မဲ့စာတွေကို သတ်ပုံပြန်မစစ်အားလို့ စာအုပ်တိုက်ကတောင်းနေတာ မပို့ရသေးပါ။ အမှားတွေပါနေမှန်း ကိုယ်တိုင်သိနေတော့ မပို့ချင်ပါ။ အကူအညီလှမ်းတောင်းရတာက အားနာရတယ်။ ဆက်သွယ်ရေးလမ်းက မကောင်း။

ဒေလီတုန်းက ကျွန်တော့်မှာ ရုံးတရုံးနဲ့ ရုံးအဖွဲ့သား ၄-၅-၆ ယောက်ရှိခဲ့တယ်။ သူတို့အားလုံးကို အမှတ်ရနေတယ်။ အခုတော့ တုတ်ကောက်မကိုင်ရသေးတဲ့ ဒုက္ခိတဖြစ်နေရတယ်။

ယသ = အခြွေအရံ (အိမ်ထောင်ဖက်၊ သားသမီး၊ မိတ်ဆွေသင်္ဂဟနဲ့ တပည့်တပန်းများ) ရှိခြင်း၊ များခြင်း။
အယသ = အခြွေအရံ မရှိခြင်း။

ဒေါက်တာတင့်ဆွေ
၁၁-၉-၂ဝ၁၆

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး