Dancer ကချေသည်

ကျွန်တော်တို့ကို ၈-၉-၁ဝ တန်းမှာ မြန်မာစာကို ဆရာ ဘုတလင်ချစ်လေးကသင်ပေးပါတယ်။ ဆရာ့ရေးဖွဲ့တဲ့ ကချေသည်နှင့် အခြာကဗျာများက အမျိုးသားစာပေဆုရခဲ့ပါတယ်။ ဆရာ့ကဗျာကို စန္ဒရားအောင်ခင်ကနေ သီချင်းဖွဲ့ပြီး၊ ဒေါ်မေစီကဆိုပါတယ်။ ကချေသည်သီချင်းစာသားထဲမှာ -

တခါတရံဝယ် မုန်းသူကိုလည်းချစ်ဟန်ဖွဲ့ရတယ်၊ တခါတရံဝယ် ချစ်တဲ့သူလည်း မုန်းမာန်ဖွဲ့ရတယ့့်
(တစ်ခါတစ်ရံ) မဟုတ်ပါ။

မြို့မငြိမ်းရေးပြီး၊ ခေတ္တရာတမာချိုဆိုတဲ့ ကချေသည်သီချင်းစာသားကတမျိုးဖြစ်ပါတယ်။

ဘုတလင်ချစ်လေးကဗျာကို စန္ဒရားအောင်ခင်ရေးပြီး ဒေါ်မေစီဆိုတဲ့ ကချေသည်သီချင်း https://www.youtube.com/watch?v=Fg6GHf9fK84
မြို့မငြိမ်းရေး၊ ခေတ္တရာတမာချိုဆိုတဲ့ ကချေသည်သီချင်း https://www.youtube.com/watch?v=AHDALh_TPPo

မြန်မာစာကို မုန်းမာန်ဖွဲ့နေကြလို့  စီးကျမျက်ရည်အသွယ်သွယ့့် လူတကာက အမူအယာအရ ဘယ်သူဘာမှ မသိကြလေတယ်၊ လူ့ဘဝနဲ့နှိုင်းဆကာရယ့့် တုကာပြနေမယ်၊ ဥပမာ ကချေသည်။

ဒေါက်တာတင့်ဆွေ
၁၁-၉-၂ဝ၁၆

Comments