မင်းကတော်ခင်အုံ

မင်းကတော်ခင်အုံသည် အလုံသား ကိုပေါနှင့် တွေ့ကြပုံ အကြောင်းများ

ခင်အုံသည် မိမိ၏ခင်ပွန်းသည် ဆရာကြီးနှင့် အနည်းနည်းအဖုံဖုံ အာရုံဖေါက်ပြန် ယောက်ယက်ဆန်လျက် အကြံတမျိုး ဥာဏ်တမျိုးဖြင့် အရိုးအဆန်း နှစ်မျိုးသောလမ်းတို့နှင့် အကြမ်းအနု ပြုချင်တိုင်းပြုခဲ့၍ လူမှုခြင်းရာ မင်္ဂလာအလျောက် နောက်ဆက်တွဲ ရှာမည်ဟု ထင်ရာထင်တိုင်း စိုင်းခဲ့ပြီးနောက် လမ်းသို့ရောက်လျှင် ဆင်ခြင်စဉ်းစားမိပြန်သည်မှာ သြော် ဆရာကြီးဖြင့် တယောက်အထီးတည်း ကျန်ရစ်ခဲ့ရှာလေပြီ။ ငါမရှိလျှင် အတိဒုက္ခရောက်ရှာလိမ့်မည်။ အစားအသောက် အနေအထိုင်မှစ၍ အရာရာလေးမျိုးမှာ ညှိုးညှိုးငယ်ငယ် ကိုးကွယ်ရာမဲ့ ဖြစ်ရစ်ရှာလေရဲ့နော် စသည်ဖြင့့်

သခင်ကိုယ်တော်မှိုင်း ရေးခဲ့တဲ့စာဖြစ်ပါတယ်။ အကြံတစ်မျိုးဥာဏ်တစ်မျိုးဖြင့်မဟုတ်ပါ။ တစ်ယောက်အထီးတည်း မဟုတ်ပါ။

နောက်ပေါ် မြန်မာစာဆရာတွေ၊ စာရေးဆရာတွေ၊ ကဗျာဆရာတွေက သခင်ကိုယ်တော်မှိုင်းကို တော်လှန်ကြတယ်။ ဆရာကြီးကို ပြစ်ထားခဲ့ပြီး ကိုပေါနောက် ကော်ကောက်ပါလိုက်သွားတဲ့ ခင်အုံနဲ့တူတယ်။ လမ်းပေါ်ရောက်နေပြီ၊ ခင်အုံလို စဉ်းစားကြစေချင်တယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး