Sand creeks ယမားချောင်းများ

ပို့စ်တခု = Min Swe Hnit စွဲလမ်းခဲ့သော ကဗျာများ (၁)၊ မိုးဝေ (ဩဂုတ်လ ၁၉၇၈)

ကျွန်တော့်မှတ်ချက် = တနာရီလောက်၊ တခါ၊ ငါးရက်တပတ်ဈေး၊ တယောက်နဲ့တယောက်တောင်မှ၊ တခါ့ ဒီတခါ့ နွေတခါ၊ တရုန်းရုန်းနဲ့၊ သတ်ပုံပါကဗျာ အစပိုင်းကို ကိုးကားလိုက်ပါရစေ။ တ ကို တစ်လုပ်မထားဘူး၊ ကျေးဇူး။

ယမားချောင်းစာလေး ၉-၃-၂ဝ၁၅  နေ့က ရေးထားတယ်။

မြောက်ယမားပုံရလာတယ်။ ချက်ချင်းပဲ မြောက်ယမားရော တောင်ယမားပါရောက်သွားတယ်။

• တောင်ယမားတောင်ဖက်မှာ ပေါလိုက်တဲ့ထန်း၊ မြောက်ဖက်မှာ များလိုက်တဲ့အုန်း။
• ယမားနှစ်ခုလုံးကြား အားလုံးခမောက်ဆောင်းခဲ့ကြတယ်။

• ရေနည်းနည်း သဲများများ၊ နေတဲ့သူတွေက အညာသား၊
• အညာရေသောက်၊ အညာစာစား၊ အညာစကားပြောကြတယ်၊

• တောင်ယမားမှာက မိုးရွာမှရေလာတယ်၊ ရေလာလို့ကတော့ အပြေးသန်တဲ့မြင်း ပြေးမလွတ်ပါ၊
• ရေတွေလာရင် သက်စွန့်ဆံဖျား ထင်းတွေသွားဆယ်ကြတာ အမှတ်ရတယ်။

• ရွာထဲထိရေဝင်လာလို့ ခြေတံရှည်မီးဖိုမှာ ဆော့ကစားခဲ့တာလည်း အမှတ်ရနေတယ်။
• ယမားသဲတွေ အရေအတွက်လောက်မျှ နယ်သူနယ်သားတွေကို သတိရစေတယ်။

ဒေါက်တာတင့်ဆွေ
၉-၃-၂ဝ၁၅
၁၂-၉-၂ဝ၁၆
ကဗျာပုံ = Min Swe Hnit
ယမားချောင်းဓါတ်ပုံ = Nay La မြောက်ယမားခေါ် ယင်းမာပင်မြို့နယ်က မြောက်ယမား။ ကျွန်တော့်ဇာတိ မင်းရွာရှိတဲ့ တောင်ယမားကတော့ ပုလဲမြို့နယ်နဲ့ မြိုင်မြို့နယ်ကြားမှာရှိပါတယ်။ ယမားနှစ်ခုလုံးဟာ ချင်းတွင်းမြစ်အနောက်ဖက်ကနေ စီးဝင်ကြတယ်။

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး