Bile အစိမ်းရောင်သည် အလွန်ခါး၏

(မနှစ်က ဒီနေ့မှာရေးတဲ့စာ)

ဆရာ ကျွန်တော့်အဖေရွာ မင်းတိုင်ပင်ကတော့ ကျွန်တော်ဘောင်းဘီအတို အစိမ်းရောင် ဝတ်တာလေးကို ရွာကလူတွေက ဘာလို့ အစိမ်းရောင်ဝတ်တာလဲလို့ ပြောလိုက်ကြတာ။ အဲလောက်ထိအောင် အစိမ်းရောင် မုန်းနေကြတာ တွေးတာ ကြည့်ကြပေါ့ဗျာ။

ဟုတ့့် ကာလံဒေသံ အဂ္ဃံ ဓနံ၊ ကာလနဲ့ ဒေသ ရွေးတတ်ရမယ်လို့ ဆုံးမစကားရှိတယ်။

(ဖဆပလ) ခေတ် နောက်ဆုံးရွေးကောက်ပွဲကို ငယ်ငယ်က မျက်မြင်သက်သေဖြစ်ခဲ့ရဘူးတယ်။ ငယ်တော့ မှတ်မိတာဆိုလို့ အရောင်တွေပါပဲ။ အဝါရောင်နဲ့ အနီရောင်က အဓိကများတယ်။ ကြားထဲမှာ (ပမညတ) အပြာရောင်နဲ့ တသီးပုဂ္ဂလကို အစိမ်းရောင် ပေးထားတယ်။ ဦးနုက ဘာသာရေးကို မဲဆွယ်ရေးလက်နက်အဖြစ်သုံးခဲ့တယ်။ ဘုန်ကြီးတွေရဲ့ သင်္ကန်းရောင်နဲ့ သန့်ရှင်း (ဖဆပလ) နဲ့ အဝါရောင်ကလည်း ဆင်နေသေးတယ်။ အနီရောင် တည်မြဲ (ဖဆပလ) ကို စစ်တပ်ကအားပေးတယ်။

၂ဝ၁၅ ရွေးကောက်ပွဲနဲ့ယှဉ်ကြည့်ရင် ထူးခြားတိုက်ဆိုင်မှုလို့ ပြောရမှာရှိတယ်။ အရင် စစ်တပ်ကအားပေးခဲ့တဲ့အနီရောင်က အခုတော့ NLD ရဲ့အရောင်ဖြစ်လာတယ်။ အစိမ်းရောင်ယူထားတဲ့ ပြည်ခိုင်ဖြိုးကို ဘုန်းကြီးတစိတ်တပိုင်းက ပြောင်ပြောင် တင်းတင်း ထောက်ခံအားပေးနေတယ်။

ခုနေမှာ အရောင်မြင်တာနဲ့ ဘာလည်းလို့သိနေကြပြီ။ တမင်တကာ ရွေးဝတ်ကြသူတွေက အကြောင်းမဟုတ်ပါ။ မင်းတိုင်ပင်သားလို အမှတ်မဲ့ဝတ်မိရင် အထင်မှားခံရနိုင်တယ်။

ကျွန်တော်က ဆရာဝန်ဆိုတော့ အရောင်ကိုကြည့်လေ့ရှိတယ်။ လူနာကို မစမ်းခင်မှာ မျက်စိနဲ့အရင်ကြည့်ရတယ်။ ဖျော့တော့နေရင် သွေးအားလည်းနေနိုင်တယ်။ ကျွန်တော့်ကိုယ်ပိုင် သုတေသနတခုရှိတယ်။ အသည်းရောင်အသားဝါ ဖြစ်နေသူတွေ ၅ ယောက်လာရင် ၃ ယောက်က အဝါရောင်ဝတ်လာလေ့ရှိတယ်။ ဆရာဝန်အမြင်မှာတော့ အနီရောင် ဝတ်ထားရင် သွေးအားကောင်းတယ်။ အစိမ်းရောင်ဆိုတာ သည်းခြေရည်အရောင် ဖြစ်တယ်။ အလွန်ကို ခါးတယ်။ နာကျည်းခါးသီးစရာတွေကလည်း တပုံတပင်ရှိတာကိုး။ Smile!

ဒေါက်တာတင့်ဆွေ
၂၇-၉-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး