One in 10 children has Aids defence

ကလေးဆယ်ယောက်မှာ တယောက်က အိဒ်စ်ရောဂါကိုခုခံနိုင်

၂၉-၉-၂ဝ၁၆ နေ့ထွက်တဲ့ဆေးပညာသတင်းပါ။ ကလေး (၁ဝ) ယောက်ထဲက (၁) ယောက်မှာ မျောက်လို ခုခံအားစနစ် ရှိကြတယ်။ အဲတာကနေ အိဒ်စ်ရောဂါကို ခုခံကာကွယ်မှုပေးနိုင်တယ်။

HIV ပိုးကူးစက်ခံထားရတဲ့ကလေး ၆ဝ% ဟာ ဆေးမကုပဲနေရင် ၂ နှစ်ခွဲနေရင်သေဆုံးနေကြရတယ်။ အဲလိုကူးစက်ခံရတဲ့ မျောက်တွေကတော့ မသေကြပါ။

ဒီဗိုင်းရပ်စ်ပိုးဟာ ခုခံအားစနစ်ကိုဖျက်ဆီးပစ်တယ်။ ဒီပိုးရှိနေရင် တခြားကူးစက်ပိုးတွေဝင်လွယ်တယ်။ အဲလိုဖြစ်လာတာကို AIDS ဖြစ်ပြီလို့သတ်မှတ်ပါတယ်။

ဒီလေ့လာဆန်းစစ်မှုမှာ တောင်အာဖရိနိုင်ငံက ကလေးပေါင်း ၁၇ဝ ယောက်ကို စမ်းတယ်။ ဒီကလေးတွေက ART ဆေးလည်း မရကြသူတွေဖြစ်တယ်။ AIDS အဆင့်လည်း မရောက်ကြသေးပါ။

အောက်စဖို့ဒ်က ပါမောက္ခ Philip Goulder (ဖိလစ် ဂူလ်ဒါ) ဆိုသူလည်း သုတေသနလုပ်တဲ့အဖွဲထဲမှာပါတယ်။ ဗိုင်းရပ်စ်နဲ့ စစ်တိုက်ရတာ အမှားအကျူးလွန်တတ်ဆုံးပါလို့ပြောပါတယ်။ HIV ပိုးက ခုခံအားနစ်ရဲ့ စစ်သည်တွေဖြစ်ကြတဲ့ သွေးဖြူဥတွေကို သတ်နေတယ်။ ပါမောက္ခပြောတာက AIDS မှာ HIV နဲ့ဆိုတာထက် ခုခံအားနစ်နဲ့ဆိုင်နေတယ်။

ဒီတွေ့ရှိချက်ကနေ ခုခံအားအခြေခံကုသနည်း ပေါ်ထွက်လာစရာရှိနေပါပြီ။

ဒေါက်တာတင့်ဆွေ
၃ဝ-၉-၂ဝ၁၆
http://www.bbc.com/news/health-37438837

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး