In my bag ကျောပိုးအိတ်ထဲမှာ

ကနေ့ အမေရိကန်ပြည်ထောင်စု၊ အင်ဒီယာနာပလစ်မြို့က (မာရီယန်) တက္ကသိုလ်မှာ စကားသွားပြောရပါတယ်။ စကားပြောအပြီးမှာ ကျူ-အင်-အေ ခေါ် မေးခွန်းတွေဖြေရတယ်။ မေးခွန်းကောင်းတွေ လာပါတယ်။
ယူအက်စ်အေကို ရောက်လာတော့ ဘယ်လိုထူးခြားချက်မျိုး တွေ့ပါသလဲ။

ကျွန်တော့်ဇနီးရဲ့ (ယူအက်စက်အေ) မှာခြေချတဲ့နေ့က မှတ်ချက်ကတော့ အသက်ရှူရတာဝတယ်တဲ့။

ကျွန်တော့်အဖို့မှာ ၂၄ နှစ်လုံးလုံး နိုင်ငံပေါင်း ၃ဝ ကျော်ကို ရရာပတ်စ်ပို့အမျိုးမျိုးနဲ့ ခရီးတွေထွက်ခဲ့ရတယ်။ ဓါတ်ပုံကလွဲရင် နာမည်ကတခြား၊ အဖေနာမည်တလွဲ၊ လူမျိုးက ဗမာမဟုတ်တာ။ ဒီကိုရောက်မှာသာ ဒေါက်တာတင့်ဆွေ၊ အဖအမည် ဦးဘချိုနဲ့ မြန်မာနိုင်ငံလာသူလို့ ပွင့်ပွင့်လင်းလင်း ပဌမဆုံးပြောခွင့် သုံးခွင့်ရပါတော့တယ်လို့။

ပွဲသိမ်းတော့ ပရိသတ်ထဲက ကျောင်းသူလေးတယောက်က အနားလာပြီး၊ သူ့မှာ မြန်မာပြည်ကကျောင်းသူ သူငယ်ချင်း တယောက်ရှိကြောင်း၊ သူ့ကို မြန်မာစကား နည်းနည်းလည်း သင်ပေးကြောင်း၊ မင်္ဂလာ့ ကျေးဇူ့း့။ သူ့သူငယ်ချင်းက ထမင်းပဲစားချင်နေတာကို သူကအံ့သြကြောင်း လာပြောပါတယ်။

နောက်ကျောင်းသားတယောက်ကတော့ အမေရိကန်အစားအသောက်ထဲက ဘယ်ဟာကြိုက်သလဲတဲ့။ အာ့ (ဘာဂါ) ကို တခါခါစားပါတယ်။ (ပီဇာ) တော့ မကြိုက်လှပါ။ နောက့့် သောက်စရာတွေထဲကရွေးရရင် (ကိုကာကိုလာ) ကို ရွေးပါတယ်လို့။

ဘေးနာချထားတဲ့ ကျောပိုးအိတ်ကိုလက်ညှိုးထိုးပြပြီး၊ ဥရောပသွားရတိုင်း ငရုပ်သီးကြော်ပုလင်းယူသွားခဲ့တဲ့အကြောင်း ဖြေခဲ့တာထဲပါလို့ ကျောင်းသားကမေးတာပါ။

ဒေါက်တာတင့်ဆွေ
၂၁-၉-၂ဝ၁၆

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ