Colors of the Rivers မြစ်တို့၏ အရောင်များ

ငယ်ငယ်က စာတွေဖတ်တော့ ကွန်မြူနစ်စာပေတွေထဲမှာ ဗော်လဂါမြစ်ရေ နီတွေတွေလို့ တင်စားခဲ့ကြတာဖတ်ရတယ်။ တရုပ်ကွန်မြူနစ်ကို အားကျထောက်ခံသူတွေက ယန်စီမြစ်နဲ့ ပင်လယ်ဝါကို တမ်းတကြတယ်။ မြစ်တွေကို အရောင်တွေနဲ့ ဖော်ကျူးခဲ့ကြတာပါ။

ကွန်မြူနစ်မဟုတ်တဲ့ကျွန်တော် အသက်ကြီးလာလို့ နိုင်ငံရေးထဲရောက်တော့ သွေးစီးလာတော့တဲ့ ဧရာဝတီနဲ့ ချင်းတွင်းကို ကျောခိုင်းထားရစ်ခဲ့ပြီး၊ မဏိပူရမြစ်၊ ဗြဟ္မပုတ္တရမြစ်၊ ဂင်္ဂါမြစ်၊ ယမုန်နာမြစ်တွေဆီရောက်သွားရတယ်။ မောချွေးတွေ ဇောချွေးတွေ စီးကျလာပါတယ်။

၁၉၉၅ ခုနှစ်က သံလွင်မြစ်နဲ့ သောင်ရင်းမြစ်မှာ ဗဟိုချက်ထားခဲ့ရာကနေတော့ ဆုတ်ခွါခဲ့ကြရတော့ သွေးရော၊ ချွေးရော၊ မျက်ရည်ပါ စီးထွက်ပါတယ်။

ကနေ့ မြန်မာပြည်ကမြစ်ကြီးတွေ သွေးနီစွန်းသေးလား။ ကြေးဝါရောင်ဖြစ်သွားပြီလား။ စိမ်းပုပ်နေသလား။ နက်မည်းနေပြီလား။

ဒေါက်တာတင့်ဆွေ
၁-၁ဝ-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ