သတ်ပုံမှား တရားဖြစ်

မြန်မာ့မျက်ပွင့် (ဇေယျ)

မည်သည့်ဘာသာစကား၌မဆို အက္ခရာခွဲတား၊ သတ်ပုံသတ်ညွှန်း၊ ပါဒဝါကျ မှန်ကန်ကျနမှသာလျှင် စကားအနက် အဓိပ္ပါယ်မှန်သည်။ စကားမှန်မှ တရားမှန်သည်။ တရားမှန်မှ လူတို့ဘေးရန် အန္တရာယ်ကင်း၍ ရပ်တည်နိုင်သည်။ ထို့ကြောင့် စာပေရေးသားကြရာ၌ သတ်ပုံသတ်ညွှန်းစသည်တို့ကို အထူးပင်စောင့်ရှောက်ကြသည်။ ယခုခေတ်တွင် သတ်ပုံသတ်ညွှန်း စကားအသုံးအနှုန်း စသည်တို့ကို များစွာလေ့လာကြသော်လည်း သတ်ပုံသတ်ညွှန်း အရေးအသား မှားယွင်းလျှင် အပြစ်တင်ဆိုအငြင်းအခုံပြုလုပ်ကြသည်မှတပါး၊ တရားရုံးက ဆုံးဖြတ်ပေးရခြင်းမရှိချေ။ ရှေးကမူကား သတ်ပုံသတ်ညွှန်း အရေးအသား မှားယွင်းချွတ်ချော်လျှင် အကြီးအကျယ် အရေးယူခြင်းခံရတတ်လေးသည်။ ဤသို့ သတ်ပုံမှားယွင်းမှုကြောင့် အမှုအခင်းဖြစ်ပွားခဲ့ရခြင်းများအနက် ဘိုးတော်ဘုရားလက်ထက် ဖြစ်ပွားသော အမှုတခုမှာ မှတ်သားဖွယ်ကောင်းလေသည်။

့
တပ်မတော်ကြီးချီတက်ရာ တောင်ငူမြို့မြောက် ပေါင်းလောင်းမြစ်နားသို့ရောက်၍ စခန်းချရပ်ကြစဉ်အတွင်း၊ မိုင်းလုံစားက မိုင်းလုံသခင် အရှင်စော်ဘွား အမိမ့်တော်ရှိသည်ဟု အမိန့်ကို အမိမ့် ဟု နမသတ်ဘဲ မသတ်၍ရေးရာ စာရေး ငလှေး ဆိုသူက အမိန့်ကို မသတ်၍မရေးရ၊ နငယ်သတ်၍ရေးရမည် ပြောဆိုရာမှ အငြင်းအခုံဖြစ်ကြရာမှ ထောင်းပုတ် ရိုက်နှက် ခိုက်ရန်ဒေါသဖြစ်ကြလေသည်။

မိုးမိတ်မင်း၏ ဘကြီးတော်စီရင်ချက်
့
စတုဓမ္မသာရ၌ -
ချိုလေးသောအိန့်၊ ဤသို့မိန့်၊ ထိန်ထိန်အံ့ဖွယ် စသည်ဖြင့် စပ်ဆိုသည်။

စိန္တကျော်သူသတ်ပုံ၌ -
ချိုလေးသံအိန့်၊ နှုတ်တော်မိန့်၊ ထိန်ထိန့်ကျော်သံဝေ။ နသတ် တင်မြစ်၊ ရေးနည်းစစ်၊ အသစ်ရတတ်စေ။ ရင်းသည်အပ ထူး၍ရ၊ လူများခေါင်ချုပ်နေ။ အင်္ဂါမချို့၊ စုံပျို့ပျို့၊ ငါတို့ဆရာပေ။

ငလှေးက ငသာကို အသတ်မမှန်ဆိုသည်မှာ ဆိုသင့်သည်။ ငသာက ငဆနင်သင်ဆို၍ ထောင်းသတ်သည်မှာ ထက်အောက်စာရေးနှင့် စာရေးကြီး တပည့်လည်းမဟုတ်၊ လူရည်တူချင်းဖြစ်ကြသည်။ နှုတ်လွန်နှင့် လက်လွန်ကို လက်လွန်တရားရှုံးစေမှာ ဆိုသည့်အတိုင်း အစုမဲ့ကျွန် ၁ဝ လျော်စေ၊ တရားကိုခံစေ စီရင်သင့်သည်တွင် တပ်စခန်း လမ်းခရီးဖြစ်သည်။ အပြစ်အလျော်တရားခံရန်များကို လပ်စေ။ နောင်မဝံ့အောင် ငလှေးကို ရာဇဒဏ် ၁ဝ ချက် ခတ်၍ လွှတ်စေဟူ၍ ၁၈၆ဝ ပြည့် နတ်တော်လဆန်း ၂ ရက်နေ့ မိုးမိတ်မင်း ဘကြီးတော် စီရင်သည်။ လက်ဖက်မပေး လပ်စေ။

ကျွန်တော့်ဖြည့်စွက်ချက် -
ရေးနည်းမစစ်၊ တ ကို တစ် အသစ်ရတတ်စေ။ ရင်းသည်အပ ထူး၍ရ၊ ထိုလူများက ခေါင်ချုပ်နေ။

ဒေါက်တာတင့်ဆွေ
၂၃-၉-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ